စစ်ပွဲ​ကြောင့်စားနပ်ရိက္ခာဈေးမြင့်တက်လာ၍ ယူကရိန်းနှင့် ရုရှား စပါးဆွေးနွေးပွဲများပြုလုပ်

0
109

စစ်ပွဲ​ကြောင့်စားနပ်ရိက္ခာဈေးမြင့်တက်လာ၍ ယူကရိန်းနှင့် ရုရှား စပါးဆွေးနွေးပွဲများပြုလုပ်

ကိဗ်၊ ဇူလိုင် ၁၃ ရက်

ရုရှားနှင့် ယူကရိန်းတာဝန်ရှိသူများသည် စပါးတင်ပို့မှုရပ်ဆိုင်းထားခြင်းနှင့် ပတ်သက်၍ ဇူလိုင်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့၌ တုကီယေးနိုင်ငံ၏ မြို့တော်ဟောင်း အစ္စတန်ဘူလ်တွင် တွေ့ဆုံဆွေးနွေး​နေပြီဖြစ်သည်။

ယူကရိန်းသည် ကမ္ဘာ့အကြီးဆုံး ဂျုံ၊ မုယောနှင့် ပြောင်းကဲ့သို့ စပါးများ တင်ပို့ရောင်းချသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။

သို့ရာတွင် ကိဗ်ဆိပ်ကမ်းအထွက်ပင်လယ်နက်တွင် ယူကရိန်းတို့ချထားသောမိုင်းများနှင့် ရုရှား စစ်သင်္ဘောများပိတ်ဆို့ထားခြင်း​ နှစ်ခုလုံးကြောင့် စပါးတင်ပို့မည့် သင်္ဘောများ ပိတ်မိ​နေသည်။ အဆိုပါ ဆိပ်ကမ်း၌ စပါးတန်ချိန် ၂၅ သန်းအထိ ပိတ်ဆို့ခံနေရသည်ဟု ယူကရိန်းက ခန့်မှန်းထားသည်။

မရှိမဖြစ်လိုအပ်သော စပါးကုန်သွယ်မှုကို ပြန်လည်စတင်နိုင်ရန် ဦးဆောင်ကြိုးပမ်းနေသော တုကီယေးသည် အဆိုပါ ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်မည်ဟုသိထားသည်။

ကျင်းပ​နေသည့် မော်စကိုနှင့် ကိဗ်တို့ကြား ဆွေးနွေးပွဲတွင် ယူကရိန်းစပါးများကို တောင်ပိုင်းဆိပ်ကမ်းများမှ ထွက်ခွာခွင့်ပြုရန် ကြိုးပမ်းသွားမည်ဟုတုကီ​ယေးက ကြေညာခဲ့သည်။

တုကီယေးကာကွယ်ရေးဝန်ကြီး သင်္ဘောများ ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးကို အာရုံစိုက်သွားမည်ဟု ဆိုသည်။

ကိဗ်ဆိပ်ကမ်းများ၌ ယူကရိန်းစပါးများ ကုန်တင်သင်္ဘော အစီး ၂၀ထွက်ခွာဖို့ အဆင်သင့်စောင့်ဆိုင်းနေကြောင်း တုကီယေးအရာရှိများက ဆိုသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here