ရန်ကုန်မြို့ရှိ မြို့နယ် ၄ ခုတွင် မနက်ဖြန်၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

0
154

ရန်ကုန်မြို့ရှိ မြို့နယ် ၄ ခုတွင် မနက်ဖြန်၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

ရန်ကုန်မြို့ရှိ ကမာရွတ်၊လှိုင်၊ကြည့်မြင်တိုင်နှင့်အလုံမြို့နယ်တို့တွင် ဇူလိုင် ၁၄ ရက်(မနက်ဖြန်)၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဟု ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ မြို့နယ် ၄ ခုအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားသည့် 33kV ဆင်မလိုက်-အောင်မြေသာစည် ဓာတ်အားလိုင်း၊ 6.6kV ဟုံဟိုင်း- Asia World+ ကြည့်မြင်တိုင် ဓာတ်အားလိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်၊သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်း၊ဓာတ်အားလိုင်းထိန်းသိမ်းပြုပြင်ခြင်းများအား ပြုလပ်သွားမည်ဖြစ်သည်။

ထိုသို့ ပြုလုပ်ခြင်းအား ဇူလိုင် ၁၄ ရက်နံနက် ၉ နာရီမှမွန်းတည့် ၁၂ နာရီအတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်စဥ် လျှပ်စစ် မီးယာယီပြတ်တောက်နေချိန်အတွင်း အရေးကြီးနေရာများ၌ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိစေရန် အလေးထားဆောင်ရွက်သွားမည်ဟု YESC မှအသိပေးထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here