တနင်္သာရီမြို့နယ်တွင် မြစ်ရေမြင့်တက်ကာ ရေဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၂ ကျောင်းအားယာယီပိတ်ခဲ့ရ

0
124

တနင်္သာရီမြို့နယ်တွင် မြစ်ရေမြင့်တက်ကာ ရေဝင်ရောက်နေသဖြင့် စာသင်ကျောင်း ၂ ကျောင်းအားယာယီပိတ်ခဲ့ရ

တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်တွင် ဇူလိုင် ပထ မပတ်အတွင်း၌ မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် တနင်္သာရီမြစ်ရေမြင့်တက်ကာ ရေဝင်ရောက်လျက်ရှိသဖြင့် အခြေခံပညာစာသင်ကျောင်း ၂ ကျောင်းအား ယာယီပိတ်ခဲ့ရသည်ဟု လူမှုကူညီရေးအသင်းများမှ သိရသည်။

မြစ်ရေမြင့်တက်လာသဖြင့် ကျေးရွာအချို့အ တွင်း၌လည်း မြစ်ရေများဝင်ရောက်လျက်ရှိပြီး လမ်းများပေါ်တွင် ၂ ပေခန့်အထိ မြစ်ရေကျော်မှုများရှိနေကြောင်း သိရသည်။

ထို့ကြောင့် ဇူလိုင် ၁၃ ရက်မှစတင်၍ ကျောင်း သား၊ကျောင်းသူများအဆင်ပြေစေရန် သာယာကုန်းကျေးရွာရှိ အ.လ.က(ခွဲ)ကျောင်းနှင့်ဖိုးမဲကျေးရွာရှိ အ.မ.က ကျောင်းတို့အား ယာယီပိတ်ထားခဲ့သည်ဟု သိရသည်။

“လမ်းတွေပါရေကျော်နေတော့ ကလေးတွေကျောင်းသွားတဲ့အချိန်မှာ အန္တရာယ်မဖြစ်အောင် အခုလို ကျောင်းတွေကိုခနပိတ်လိုက်တာကောင်းပါတယ် ကျွန်တော်တို့ကလည်း ရေဝင်နေတဲ့အိမ်တွေကိုလှည့်ပတ်ကြည့်ပြီး ဒီထက်ပိုပြီးမြစ်ရေဝင်လာရင် ဘေးလွတ်ရာရွှေ့ပေးဖို့ ကြိုပြီးပြင်ဆင်ထားပါတယ်”ဟု တနင်္သာရီမြို့နယ်အခြေစိုက် လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

တနင်္သာရီမြစ်ရေ၏ စိုးရိမ်ရေမှတ်သည် ၁၇ ပေဖြစ်ကာ အန္တရာယ်ရှိရေမှတ်မှာ ၂၄ ပေဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here