ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်အားလုံး အပြန်အလှန်ချိတ်ဆက်နိုင်မည့် Digital Payment Switch System ကို ဗဟိုဘဏ် အကောင်ထည်ဖော်နေ

0
246

ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်အားလုံး အပြန်အလှန်ချိတ်ဆက်နိုင်မည့် Digital Payment Switch System ကို ဗဟိုဘဏ် အကောင်ထည်ဖော်နေ

ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်အားလုံး အချင်းချင်းအ ပြန်အလှန်ချိတ်ဆက် ဆောင်ရွက်နိုင်မည့် Digital Payment Switch System ကိုအကောင်အထည်ဖော်လျက်ရှိကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ Digital Payment Switch System ၏ MMQR Standardization နှင့် သက်ဆိုင်သည့် အလုပ်ရုံဆွေးနွေးပွဲအား ဇူလိုင် (၁၃) ရက် နံနက် (၉) နာရီတွင် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“ပမာဏကြီးမားတဲ့ ငွေပေးချေမှုအတွက် CBM- NET System ကိုအကောင်အထည်ဖော်ဆောင် ရွက်နိုင်ခဲ့ပြီး ပမာဏနည်းတဲ့ငွေပေးချေမှုအမြန် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် Digital Payment Switch System ကိုဆောင် ရွက်နေပါတယ်”ဟု ဒေါ်သန်းသန်းဆွေက ပြောသည်။

ယင်းအစီအစဉ်ကို အမျိုးသားငွေပေးချေမှုစနစ်မဟာ ဗျူဟာ (National Payment System Strategy 2020 – 2025) အရ ချမှတ်ထားသည့် ငွေပေးချေမှုဆိုင်ရာ မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ် ကြောင်းလည်း ၎င်း၏ ပြောကြားချက်အရ သိရသည်။

Digital Payment Switch System ဆောင်ရွက်ပြီးပါက ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအချင်း ချင်း အပြန် အလှန်ချိတ်ဆက်၍ Brand တစ်ခုမှအခြား Brand တစ်ခုသို့ လွယ်ကူစွာ ငွေပေးချေနိုင်မည်ဖြစ်သည်။

ထို့အပြင် ဒစ်ဂျစ်တယ် ငွေပေးချေမှု စနစ်ဖွံ့ဖြိုးပြီး ငွေ သားကိုင်တွယ် အသုံးပြုမှု လျှော့ကျနိုင်ကာ သုံးစွဲသူများအနေဖြင့်လည်း ဈေးသက်သာကောင်းမွန်သည့် ငွေကြေးဝန်ဆောင်မှုအား ရွေးချယ်အသုံးပြုနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here