ပြည်သူများ ကိုဗစ် -19 ရောဂါ ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံဖို့ ကျန်းမာရေး ဝန်ကြီးဌာန တိုက်တွန်း

0
149

ပြည်သူများ ကိုဗစ် -19 ရောဂါ ထပ်ဆောင်းကာကွယ် ဆေး ထိုးနှံဖို့ ကျန်းမာရေး ဝန်ကြီးဌာန တိုက်တွန်း

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုဗစ် -19 မျိုးဗီဇသစ် ကူးစက်မှုနှုန်း မြင့်တက်နေသည့်အတွက် မြန်မာပြည်သူများအနေဖြင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးကြရန် ကျန်းမာရေး ဝန်ကြီးဌာနက တိုက်တွန်းလိုက်သည်။

ကိုဗစ် -19 ရောဂါပိုး အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အသစ်ဖြစ်သည့် BA.4 နှင့် BA.5 သည် လက်ရှိတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကူးစက်မှုနှုန်းမြင့်မားနေခြင်းဖြစ် သည်။

 အဆိုပါ မျိုးဗီဇပြောင်း အိုမီခရွန်နှင့် ၎င်း၏ မျိုးစိတ်အ သစ်တို့သည် ကိုဗစ်ကာကွယ်းဆေး အကြိမ်ပြည့် ထိုးနှံခြင်းနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှင့် ခြင်းဖြင့်သာ ကာကွယ်နိုင်မည်ဖြစ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ကိုဗစ် – ၁၉ ရောဂါ မျိုးစိတ်သစ် ကူးစက်မှုသည် လက်ရှိတွင် တစ်ကျော့ပြန် ပြန်လည်မြင့်တက် လာနေသည့်အတွက် ကြို တင်ပြင်ဆင်မှုများ လုပ်ဆောင်ထားကြရန် ကမ္ဘာ့ကျန်း မာရေးအဖွဲ့(WHO) အပါအဝင် ဒေသတွင်းအစိုးရများနှင့်  ကျန်းမာရေးအဖွဲ့အစည်းများက သတိပေးမှုများကလည်း လုပ်ဆောင်လျက်ရှိသည်။

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ် Omicron အမျိုးအစား ၏ BA.4 နှင့် BA.5 မျိုးစိတ်ကူးစက်မှုနှုန်းသည် အိန္ဒိယ ၊ ဥရောပနှင့် အမေရိကတို့တွင် ရောဂါကူးစက်မှုနှုန်းဟာ ပြန်လည်မြင့်တက်လာနေပြီး တစ်ကမ္ဘာလုံး အတိုင်းအ တာဖြင့် ယခုသီတင်းပတ်အပါအဝင် ပြီးခဲ့သည့် သီတင်း ပတ် (၂) ခုအတွင်း (၃) ရာခိုင်နှုန်းအထိ မြင့်တက်လာကြောင်း WHO က အသိပေးထားသည်။

အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ စသည့် နိုင်ငံများတွင်ပါ ကိုဗစ် ကိုးစက်နှုန်းအဆမ တန်မြင့်တက်လာ‌ေနပြီး သေဆုံးသူလည်း ဒါဇင်နှင့်ချီ၍ ရှိနေခြင်း ဖြစ်သည်။

ထို့ကြောင့် ပြည်သူများအနေဖြင့် ကိုဗစ် -19 ထပ်ဆောင်း ကာကွယ်ဆေးကို မပျက်မကွက်ထိုးနှံကြရန် တိုက်တွန်းနေခြင်း ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here