ဗဟိုဘဏ်မှပြည်ပရင်းနှီးမြုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိ ကုမ္ပဏီများအား ကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံခြားသုံးငွေကန့်သတ်ချက်အား ပြန် လည်ပယ်ဖျက်

0
79

ဗဟိုဘဏ်မှပြည်ပရင်းနှီးမြုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိ ကုမ္ပဏီများအား ကင်းလွတ်ခွင့်ပြုထားသည့် နိုင်ငံခြားသုံးငွေကန့်သတ်ချက်အား ပြန် လည်ပယ်ဖျက်

ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာန(DICA)၏ ဇွန်လအတွင်း၌ ခွင့်ပြုချက်ဖြင့်ဆောင်ရွက်နေသည့် ကုမ္ပဏီများအနက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိသည့် ကုမ္ပဏီများ၏ နိုင်ငံခြားသုံးငွေကန့်သတ်ချက်အား ဇူလိုင် ၁၃ ရက်က ပြန်လည်ပယ်ဖျက်ခဲ့သည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁၀ ရာခိုင်နှုန်းအထက်ရှိ ကုမ္ပဏီများအား DICA ခွင့်ပြုချက်ဖြင့် ဇွန်လအ တွင်းက နိုင်ငံခြားသုံးငွေကန့်သတ်ချက်မှ ကင်း လွတ်ခွင့်ပြုခဲ့ပြီးနောက် ပြန်လည်ပယ်ဖျက်ခဲ့ခြင်းဖြစ်ကာ AD လိုင်စင်ရဘဏ်များအား ဗဟိုဘဏ်မှအကြောင်းကြားခဲ့သည်။

ဗဟိုဘဏ်နှင့် AD လိုင်စင်ရဘဏ်များ ဇွန် ၇ ရက်မွန်းလွဲပိုင်းကပြုလုပ်သည့် အမိန့်ကြော်ငြာစာအ မှတ်(၁၂/၂၀၂၂)နှင့်စပ်လျင်း၍ ရှင်းလင်းဆွေး နွေးသည့် အစည်းအဝေးမှတ်တမ်းဆုံးဖြတ်ချက်အရ ပယ်ဖျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစည်းအဝေးဆုံးဖြတ်ချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)ခွင့်ပြု ချက်ဖြင့်ဆောင်ရွက်သည့် ကုမ္ပဏီများတွင် နိုင်ငံ ခြားရင်းနှီးမြုပ်နှံမှု ၁၀ ရာခိုင်နှုန်းနှင့်အထက်ရှိပါက ဗဟိုဘဏ်၏ အမိန့်ကြေညာစာအမှတ် ၁၂/ ၂၀၂၂ မှ ချွင်းချက်ပြုသည့် လုပ်ငန်းများနည်းတူ ဆောင်ရွက်ပေးရန် ဆုံးဖြတ်ခဲ့ခြင်းအား ပယ်ဖျက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here