ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာမသုံးခဲ့ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို

0
139

ရွေးကောက်ပွဲ ကော်မရှင်အပေါ် မလျော်သြဇာမသုံးခဲ့ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို

၂၀၂၀ ရွေးကောက်ပွဲ ကာလအတွင်း သူမအနေဖြင့် ရွေး ကောက်ပဲကော်မရှင်အပေါ် မလျော်ဩဇာသုံးခဲ့ခြင်း မရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင်လ (၁၅) ရက်တွင် နေပြည်တော် အချုပ်ထောင် အ ထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့စဉ် ဒေါ်အောင်ဆန်းစုကြည်က ထွက်ဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂို လ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန် ကြီးဟောင်း ဦးမင်းသူတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အပေါ် မလျော်သြဇာ သုံးသည်ဟု စွပ်စွဲကာ တရားစွဲဆိုထားခြင်းဖြစ်သည်။

ပြီးခဲ့သည့် အပတ်အတွင်းက နိုင်ငံတော် သမ္မတဟောင်း ဦးဝင်းမြင့်ကို ရုံးထုတ် စစ်ဆေးခဲ့ပြီး လာမည့် သောကြာ နေ့တွင် ဝန်ကြီးဟောင်း ဦးမင်းသူကို ရုံးထုတ်စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လက်ရှိတွင် သူမအား စွဲဆိုထားသည့် အမှုများထဲမှ ပုဒ်မ (၆) ခုအတွက် ထောင် ဒဏ် (၁၁) နှစ် ယနေ့စစ်ဆေးသည့် ပုဒ်မ ၁၃၀(က) နှင့် ပြစ်မှုထင်ရှားစီရင်ခံရပါက အနည်းဆုံးထောင် (၃) နှစ်ထိ ချမှတ်ခံရနိုင်‌ကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်အချုပ်ထောင်အတွင်းရှိ သီးသန့်အဆောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ၎င်းနှင့် အတူနေသူများကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် (၅၄) သို့ ပြန်လည် ပို့ ဆောင်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here