ရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး ဗုံးပေါက်ကွဲ၊ လူ (၄) ဦးထက်မနည်း ဒဏ်ရာရ

0
418

ရွှေပြည်သာမြို့နယ် (၁၁) ရပ်ကွက်အုပ်ချုပ်‌ရေးမှူးရုံး ဗုံးပေါက်ကွဲ၊ လူ (၄) ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်တိုင်း ဒေသကြီး ၊ ရွှေပြည်သာမြို့နယ် ၊ (၁၁) ရပ် ကွက်၊ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အုပ် ချုပ်ရေးအဖွဲ့ဝင်များ အပါအဝင် အနည်းဆုံး လူ(၄) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ (၁၅) ရက် ညနေ (၄) နာရီခွဲ ဝန်းကျင်က ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ ဘုရင့်နောင် လမ်းပေါ်ရှိ ရပ် ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပိုင့်ဆောင်ခဲ့ကြောင်း သိရသည်။

” ၄ ယောက်လောက်အနည်းဆုံး ထိသွားတယ်။ သေကုန်သလားတော့ မသိဘူး။ အသံကအကျယ်ကြီးပဲ။ နားတွေတောင် အူတယ်။ လူနာတင် ယာဉ်နဲ့ အရေးပေါ် သယ်သွားတာပဲ” ဟု အနီးပတ်ဝန်းကျင်မှ ပြည်သူ တစ်ဦးက ပေါ်ပြူလာ နယူးစ်သို့ ပြောသည်။

အဆိုပါ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် နေ့လယ်ပိုင်းမှ စတင်၍ ဧည့်စာရင်းတိုင်းခြင်းကို နေ့စဉ်‌လုပ်ဆောင်ပေးနေရာ ရပ်ကွက်အတွင်းမှ ပြည်သူအများစုက စီတန်း၍ ဧည့်စာရင်းတိုင်ခြင်းများ လုပ်ဆောင်လျက်ရှိချိန် ယခုလို ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယနေ့ညနေ ပေါက်ကွဲမှု ဖြစ်ပွားချိန်တွင် မဲစာရင်းစစ်ဆေးသူများလည်း အုပ်ချုပ်ရေးမှူးရုံးအတွင်း ရှိနေပြီး ထိခိုက်ဒဏ်ရာရရှိသူများမှာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြု၍ မရကြောင်းလည်း အနီးပတ်ဝန်းကျမှ ပြည်သူများ၏ ပြောကြားချက်အရ သိရသည်။

” ဧည့်စာရင်း တိုင်ဖို့ ဆယ်အိမ်မှူးတွေ ၊ ရာအိမ်မှူးတွေ ၊ လေးငါးယောက်နဲ့ အုပ်ချုပ်ရေးမှူးက အပြင်မှာ အမြဲတမ်း ခုံနဲ့ထိုင်ပြီး နေနေတာ။ အခုပေါက်တဲ့အချိန် ရုံးထဲမှာ မဲစာရင်း စစ်တဲ့ လူတွေလည်း ရှိတယ်လို့ပြောတယ်။ ဘယ်သူတွေ ထိမှန်းမသိဘူး” ဟု အဆိုပါ ဒေသခံက ပြောသည်။

လက်ရှိတွင် အဆိုပါ အုပ်ချုပ်ရေးမှူးရုံးသို့ စစ်တပ်နှင့် ရဲ အင်အား အများအပြားဖြင့် ရောက်ရှိကာ လမ်းပိတ်ဆို့၍ လမ်းသွားလမ်းလာ ဆိုင်ကယ်များနှင့် ကားများကိုပါ ရှာဖွေ စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here