လှိုင်သာယာမြို့နယ်ရှိ မြို့နယ်တရားရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်

0
252

လှိုင်သာယာမြို့နယ်ရှိ မြို့နယ်တရားရုံး၌ ဗုံးပေါက်ကွဲမှုဖြစ်

ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်ရှိ မြို့နယ်တ ရားရုံး၌ ဇူလိုင် ၁၅ ရက်(ယနေ့)ညနေပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ညနေ၄ နာရီခန့်က ရန်ကုန်-ညောင်တုန်းလမ်း မကြီးဘေးရှိ လှိုင်သာယာမြို့နယ်တရားရုံးရှေ့၌ ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဗုံးက တရားရုံးရဲ့ညာဘက်ခြမ်းမှာပေါက်တာ ပေါက်ကွဲသံတော့ကျယ်တယ် လူထိခိုက်တာတော့မတွေ့ဘူး လူထိလို့ရှိရင် လူနာတင်ကားတွေရောက်လာမှာပဲလေ အခုတစ်စီးမှရောက်လာတာမတွေ့ဘူး”ဟု လှိုင်သာယာမြို့နယ်နေသူတစ်ဦးကပြောသည်။

ထိုသို့ ဗုံးပေါက်ကွဲမှုအား လုံခြုံရေးအဖွဲ့ဝင်များရောက်ရှိလာကာစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး အခင်းဖြစ်နေရာအနီးမှ လက်လုပ်ဗုံးအပိုင်း အစများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here