မလေးရှားနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာ ၃ ရက်နေ့က သတ်ဖြတ်ခံရပြီးသေဆုံးခဲ့သည့် မြန်မာ နိုင်ငံသား၏ ရုပ်အလောင်းအား ဇူလိုင် ၁၇ တွင်သဂြိုလ်မည်

0
178

မလေးရှားနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာ ၃ ရက်နေ့က သတ်ဖြတ်ခံရပြီးသေဆုံးခဲ့သည့် မြန်မာ နိုင်ငံသား၏ ရုပ်အလောင်းအား ဇူလိုင် ၁၇ တွင်သဂြိုလ်မည်

မလေးရှားနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေရာမှ ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာ ၃ ရက်နေ့က သတ်ဖြတ်ခံရသဖြင့် သေဆုံးခဲ့သည့် မြန်မာနိုင်ငံသား ကိုသန့်ဇင်လင်း(၃၆)နှစ်၏ ရုပ်အလောင်းအား ဇူလိုင် ၁၇ ရက်တွင် သဂြိုလ်သွားမည်ဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ကိုသန့်ဇင်လင်းသည် ကရင်ပြည်နယ်၊ဘားအံမြို့၊အမှတ်(၂)ရပ်ကွက်၌ နေထိုင်သူဖြစ်ကာ မလေးရှားနိုင်ငံ၌အလုပ်လုပ်ကိုင်နေစဥ်  သတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်းအား ဆလန်းကောပြည် နယ်ရှိ P.P.U.M (PJ)ဆေးရုံကြီးတွင်ထားရှိခဲ့သည်။

ထိုသို့ ထားရှိခဲ့ပြီးနောက် ၎င်းနှင့်ပတ်သက်၍ လာရောက်မေးမြန်းစုံစမ်းခြင်းမရှိသဖြင့် မလေးရှားနိုင်ငံ ကျန်းမာရေးဌာနနှင့်အမှုကိုင်ရဲများမှ ရုပ်အလောင်းသည် ကာလအတော်ကြာပြီး ပျက်စီးစပြုနေသဖြင့်သဂြိုလ်ရန် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ထံသို့ဆက်သွယ်အကြောင်းကြားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ ကိုသန့်ဇင်လင်း၏ ရုပ်အလောင်းအား ဇူလိုင် ၁၇ ရက်နံနက် ၉ နာရီတွင် မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ရှိ ချဲရပ်သုဿန်၌ သဂြိုလ်သွားမည်ဖြစ်သည်။

ထို့ပြင် ကိုသန့်ဇင်လင်းအား သိရှိသူများအနေဖြင့် ၎င်း၏မိသားစုဝင်များနှင့်ဆက်သွယ်နိုင်ရန် P.P.U.M PJ ဆေးရုံကြီးရှိ(အ အေးခန်းဌာန)၊အမှုကိုင်ရဲအရာရှိ)၊မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)တို့သို့ဆက်သွယ်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here