တာတာစတန်ရှိ HIMGRAD Industrial Complex အပါအဝင် စက်ရုံအလုပ်ရုံများသို့ နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှုလေ့လာခဲ့

0
50

တာတာစတန်ရှိ HIMGRAD Industrial Complex အပါအဝင် စက်ရုံအလုပ်ရုံများသို့ နစက ဥက္ကဋ္ဌ သွားရောက်ကြည့်ရှုလေ့လာခဲ့

နစက ဥက္ကဋ္ဌသည် တာတာစတန်၊ကာဇန်မြို့ရှိ HIMGRAD Industrial Complex အပါအဝင် စက် ရုံအလုပ်ရုံများသို့ ဇူလိုင် ၁၃ ရက်က သွားရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်ရာတွင် HIMGRAD Industrial Complex ၌ Complex အတွင်းစီးပွားရေးလုပ် ငန်းများ လုပ်ဆောင်နိုင်ရန်ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုလေ့လာ၍ တာဝန်ရှိသူများ၏ ရှင်းလင်းပြောကြားမှုများအနက် သိရှိလိုသည်များအား မေးမြန်းဆွေးနွေးခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် HIMGRAD Industrial Complex အတွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ် လုပ်ထားသည့် ကုန်ကြမ်းပစ္စည်းများ၊အိမ်သုံးပ စ္စည်းများ၊ဆေးပစ္စည်းများ၊ရေနံနှင့်သဘာဝ ဓာတ်ငွေ့ဆိုင်ရာ၊လျှပ်စစ်ပစ္စည်းများ၊စိုက်ပျိုး ရေးလုပ်ငန်းသုံးဓာတ်မြေဩဇာနှင့်ဆေးဝါးထုတ်လုပ်မှုဆိုင်ရာပစ္စည်းများ၊အခြားလူသုံးကုန်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးမှုတို့အား ကြည့်ရှုလေ့လာ၍ မြန်မာနိုင်ငံနှင့်ကုန်သွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်မည့်အခြေအနေအား ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ စိုက်ပျိုးရေးလုပ်ငန်းများတွင်အသုံးပြုသည့် UAV ထုတ်လုပ်ရေးအလုပ်ရုံ စစ်ဘက်သုံး သယ်ယူပို့ဆောင်ရေးနှင့်စစ်မြေပြင်သုံးကျည်ကာ ပို့ဆောင်ရေးယာဉ်၊အင်ဂျင်များထုတ်လုပ်ထားရှိမှုတို့အား ကြည့်ရှုလေ့လာခဲ့သည်။

ထို့ပြင် နစက ဥက္ကဋ္ဌသည် စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာထုတ်လုပ်သည့် Organic plant တွင်ကြည့်ရှုလေ့လာပြီး ပူးပေါင်းဆောင် ရွက်နိုင်မည့် အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here