အာဇာနည်နေ့တွင် သက်ကြီးရွယ်အိုများနှင့်နာ တာရှည်ရောဂါရှိသူများအား အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်ရန်ခွင့်မပြု

0
181

အာဇာနည်နေ့တွင် သက်ကြီးရွယ်အိုများနှင့်နာ တာရှည်ရောဂါရှိသူများအား အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်ရန်ခွင့်မပြု

အာဇာနည်နေ့၌ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်မည့်သူများ လိုက်နာဆောင် ရွက်ရမည့် အချက် ၁၁ ချက်အားထုတ်ပြန်ကြေ ညာခဲ့သည်။

အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)သို့ လာရောက်သူများသည် ဘောလ်ပင်အမျိုးမျိုး၊ဖုန်းအမျိုးမျိုး၊အလံအမျိုးမျိုး၊လက်ကိုင်အိတ်အမျိုးမျိုး၊ကင်မရာအမျိုးမျိုး၊မီးခြစ်အမျိုးမျိုး၊ပန်း ခွေ/ပန်းစည်း/ပန်းခြင်းအမျိုးမျိုး၊ဗီနိုင်းစအမျိုးမျိုး၊ပုလင်း/ဘူးအမျိုးမျိုး၊အလံကိုင်ဆောင်ရာ တွင် အသုံးပြုသည့် တုတ်နှင့်ကော်ပိုက်/သံပိုက်များအား ယူဆောင်၍ဝင်ရောက်ခွင့်မပြုဟု ထုတ်ပြန်ခဲ့သည်။

ထို့ပြင် လာရောက်သူများအားလုံးသည် နှာခေါင်းစည်း(Mask)များ(မပျက်မကွက်)စနစ်တကျ တပ်ဆင်ရမည်ဖြစ်ကာ သတ်မှတ်ပေးထားသည့် နေ ရာများ၌ စနစ်တကျလက်ဆေးခြင်း၊အသင့်စီစဉ်ပေးထားသော Hand Sanitizer သုတ်လိမ်းခြင်းတို့အား ဆောင်ရွက်ပြီးမှသာဝင်ရောက်ရမည်ဖြစ် သည်။

အလားတူ ဗိုလ်တထောင်မြို့နယ်၊မဟာဗန္ဓုလလမ်းနှင့်သိမ်ဖြူလမ်းဆုံတွင် ကိုယ်အပူချိန်တိုင်း တာခြင်း၊ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများနှင့်အမည်၊နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊နေ ရပ်လိပ်စာ၊တယ်လီဖုန်းနံပါတ်တို့အား ပြည့်စုံမှန် ကန်စွာ စာရင်းပေးသွင်း၍ နိုင်ငံသားစိစစ်ရေး ကတ်(သို့)ဝန်ထမ်းကတ်(သို့)ကျောင်းသားကတ် (သို့)ကိုယ်ရေးအချက်အလက်စိစစ်နိုင်သည့် အ သိအမှတ်ပြုကတ်ပြား ယူဆောင်လာရမည်ဖြစ် သည်။

ထို့အတူ ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် Social/Physical Distancing နှင့်အညီ ရှေ့နောက်၊ဘေးတိုက်အကွာအဝေးများအား (၆) ပေကွာအတိုင်းလိုက်နာ၍ နေရာများအလိုက် တာ ဝန်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုတို့ကို ပူးပေါင်းပါဝင်ရမည်ဖြစ်သည်။

ထို့ပြင် ကိုယ်အပူချိန်မြင့်ခြင်း(အပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်/၁၀၀.၄ ဒီဂရီဖာရင်ဟိုက်)၊ချောင်း ဆိုးခြင်း၊အသက်ရှူရခက်ခဲခြင်း၊အားအင်ကုန်ခန်းခြင်းအပါအဝင် သံသယဖြစ်ဖွယ်လက္ခဏာများ စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ၏အကြံပြုချက်အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ် သည်။

အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)တွင် တာဝန်ထမ်းဆောင်နေသူများ၏ စီစဉ်ဆောင်ရွက်ပေးမှုနှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ လာရောက်လေ့လာသူများသည် တစ်ဦးနှင့်တစ်ဦး (၆)ပေခြား၍ စီတန်းကာပြတိုက်အတွင်း ခွင့်ပြုအရေအတွက်အတိုင်း ဝင်ရောက်လေ့လာ၍ (၆) ပေခြားဖြင့်သာ ပြန်လည်ထွက်ခွာရမည်ဖြစ် သည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးနေသည့် ကိုဗစ်(၁၉)ရောဂါဆိုင်ရာ ကျန်းမာရေးအသိပေးချက်၊သတိပေး ချက်များအား တိကျစွာလိုက်နာဆောင်ရွက်ရမည်ဖြစ်သည်။

အလားတူ သက်ကြီးရွယ်အိုများ၊နာတာရှည်ရော ဂါရှိသူများ၊ဖျားခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှူရခက်ခဲခြင်း၊အင်အားကုန်ခန်းခြင်း ရောဂါလက္ခ ဏာများ ဖြစ်ပွားနေသူတို့အား လုံးဝ(လုံးဝ)လာရောက်ခြင်းမပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here