အမရပူရမြို့နယ်တွင် လမ်းဘေးရပ်ထားသည့်တွဲကားအား အမျိုးသားလေးဦးစီးလာသည့် ဆိုင်ကယ်မှဝင်တိုက် ၂ ဦးသေဆုံး

0
87
အမရပူရမြို့နယ်တွင် လမ်းဘေးရပ်ထားသည့်တွဲကားအား အမျိုးသားလေးဦးစီးလာသည့် ဆိုင်ကယ်မှဝင်တိုက် ၂ ဦးသေဆုံး
မန္တလေးတိုင်း၊အမရပူရမြို့နယ်၊ထုံးဘိုလမ်းမကြီးပေါ်ရှိ မြစ်ငယ်တိုးဂိတ်အနီးတွင် ဇူလိုင် ၁၆ ရက်ညပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။
ယင်းနေ့ည ၈ နာရီခန့်က ထုံးဘိုလမ်းမကြီး၏ မြစ် ငယ်တိုးဂိတ်အနီး လမ်းဘေး၌ရပ်ထားသည့် ကုန်တင်တွဲကားအား အမျိုးသား ၄ ဦးမောင်းနှင်စီး နင်းလာသည့် ဆိုင်ကယ်မှအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။
ထိုသို့ တိုက်မိမှုကြောင့် အမျိုးသား ၂ ဦးမှာထိ ခိုက်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကာ အမျိုးသား ၂ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းမှ သိရသည်။
အခင်းဖြစ်နေရာသို့ ရွှေမဥ္ဇူ ပရဟိတလူမှုကူညီရေးအသင်းနှင့်လောကပါလလူမှုကူညီရေးအသင်းတို့မှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွား ရောက်ပြုလုပ်ခဲ့ကြသည်။
ထို့နောက် သေဆုံးသူအမျိုးသား ၂ ဦး၏ရုပ်အ လောင်းများအား ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်းကား၊ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား လောကပါလလူမှုကူညီရေးအသင်းကားတို့ဖြင့် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
Photo-ရွှေမဥ္ဇူပရဟိတလူမှုကူညီရေးအသင်း

LEAVE A REPLY

Please enter your comment!
Please enter your name here