ရွှေပြည်သာမြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင် ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသားတစ်ဦး လဘက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခံရ

0
160

ရွှေပြည်သာမြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင် ရာအိမ်မှူးတစ်ဦးနှင့် အမျိုးသားတစ်ဦး လဘက်ရည်ဆိုင် ထိုင်နေစဉ် သေနတ်ဖြင့် ပစ်ခံရ

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ တ/၁၅ ရပ် ကွက် ၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ရာအိမ်မှူးဦးဝင်းနိုင်သည် အမျိုးသား တစ်ဦးနှင့်အတူ လဘက်ရည် ဇူလိုင် ၁၇ ရက်(ယနေ့) နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ရာအိမ်မှူးဦးဝင်းနိုင်နှင့် အခြားအမျိုးသားများ သည် ယနေ့နံနက် ၁၀ နာရီခန့်က လဘက်ရည်ဆိုင် ထိုင်နေစဥ် အမည်မသိအမျိုးသားများက သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ရာအိမ်မှူးဦးဝင်းနိုင်မှာကျည်ထိမှန်ဒဏ်ရာများရရှိ၍ သေဆုံးသွားခဲ့ပြီး ၎င်းနှင့်အတူ လဘက်ရည်ဆိုင်ထိုင်နေသည့် အ မျိုးသားတစ်ဦးမှာလည်း ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ကျည်ထိမှန်ဒဏ်ရာရရှိသူအား လူနာ တင်ကားဖြင့် ဆေးကုသမှုခံယူရန် ဆေးရုံသို့ပို့ ဆောင်စဥ် ဆေးရုံအရောက်၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်နေရာနှင့်ပတ်ဝန်းကျင်အနီးတဝိုက်အား လုံခြုံရေးအဖွဲ့ဝင်များမှပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here