၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင် ပွဲ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တတိယဆုရရှိ

0
221

၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင် ပွဲ၌ မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း တတိယဆုရရှိ

ဖီလစ်ပိုင်နိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် ၂၀၂၂ ခုနှစ် AFF Women’s Championship ပြိုင်ပွဲ၏ တတိယနေရာလုပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက်နမ်အမျိုးသမီးအသင်းအား အနိုင်ယူ၍ တတိယဆုရရှိခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းနှင့်ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ သည် ဇူလိုင် ၁၇ ရက်(ယနေ့)တွင် ယှဥ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ပြီး မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းမှ ၄ ဂိုး ၃ ဂိုးရလဒ်ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း ၌ ပွဲထွက်ကစားသမားများအဖြစ် မေဇင်နွယ်၊ အေးအေးမိုး၊ ခင်သန်းဝေ၊ ချစ်ချစ်၊ နော်ထက်ထက်ဝေ၊ ဝင်းသိင်္ဂီထွန်း၊ စန်းသော်သော်၊ ခင်မာ လာထွန်း၊ ဇူလိုင်ကျော်၊ နန့်ဇူဇူထက်နှင့်ပုံ့ပုံ့ပြည့်မောင်တို့ဝင်ရောက်ကစားခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ကစား၍ မြန်မာ့လက် ရွေးစင်အမျိုးသမီးဘောလုံးအသင်းသည် ဗီယက် နမ်အမျိုးသမီးဘောလုံးအသင်းနှင့်ပွဲပြီးဆုံးသည်အထိ အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ပြီးနောက် စန်းသော်သော်မှပွဲကစားချိန် ၁၀ မိနစ်၊ ၅၈ မိနစ်၊ ၈၈ မိနစ်နှင့် လင်းမြင့်မိုရ်မှ ၈၄ မိနစ်တို့တွင် ဂိုးများသွင်းယူကာ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

တတိယနေရာလုပွဲအဖြစ်ယှဥ်ပြိုင်ကစားခဲ့ရခြင်းမှာ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် ဆီးမီးဖိုင်နယ်ပွဲစဥ်၌ ထိုင်းအမျိုးသမီးဘောလုံးအသင်းဖြင့်ယှဥ်ပြိုင်ကစားရာတွင် ၂ ဂိုးပြတ်ဖြင့်ရှုံးနိမ့်ခဲ့ခြင်းကြောင့်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းနှင့်ဗီ ယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့သည် အုပ်စုတစ်အုပ်ထဲ၌ကျရောက်ခဲ့ပြီး အုပ်စုတွင်းပြိုင်ပွဲတွင် ၄ ဂိုး ဂိုးမရှိရလဒ်ဖြင့်မြန်မာ့လက်ရွေး စင်အမျိုးသမီးဘောလုံးအသင်းမှရှုံးနိမ့်ထားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here