မဟာအောင်မြေမြို့နယ်ရှိ ရပ်ကျေးရုံး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ

0
228

မဟာအောင်မြေမြို့နယ်ရှိ ရပ်ကျေးရုံး လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ဟေမမာလာတောင်ရပ်ကွက်၊လမ်း ၈၀ ၊ လမ်း ၄၀ နှင့် ၄၁ လမ်းကြားရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ဇူလိုင် ၁၈ ရက်(ယနေ့)နံနက်ပိုင်းက လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရကြောင်း သိရသည်။

ဟေမမာလာတောင်ရပ်ကွက်၏ ရပ်ကျေးအုပ် ချုပ်ရေးမှူးရုံးအား ယနေ့နံနက် ၈ နာရီ ၄၀ မိနစ်ခန့်တွင် အမည်မသိအမျိုးသား ၂ ဦးမှဆိုင်ကယ် ၁ စီးဖြင့်ရောက်ရှိလာပြီးနောက် လက်လုပ်ဗုံးဖြင့်ပစ်ပေါက်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးသည် ရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး၏ ရေမြောင်းအနီးသို့ကျရောက်ခဲ့သော် လည်း ပေါက်ကွဲမှုမရှိခဲ့သဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

လက်လုပ်ဗုံးသည် PVC ပိုက်ဖြင့်ပြုလုပ်ထားခြင်းဖြစ်ကြောင်း လုံခြုံရေးအဖွဲ့ဝင်များမှ စစ်ဆေးတွေ့ရှိခဲ့ရ‌သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here