ဂျနီဖာ လိုပက်ဇ်နှင့် သရုပ်ဆောင် ဘန်အက်ဖလက်တို့ လာစ်ဗီးဂတ်မှာလက်ထပ်

0
259

ဂျနီဖာ လိုပက်ဇ်နှင့် သရုပ်ဆောင် ဘန်အက်ဖလက်တို့ လာစ်ဗီးဂတ်မှာလက်ထပ်


အမေရိကန် နာမည်ကြီး ပေါ့အဆိုတော် ဂျနီဖာ လိုပက်ဇ်နှင့် ဘက်မန်း သရုပ်ဆောင်ဟောင်း ဘန်အက်ဖလက် တို့သည် လာ့စ်ဗီးဂတ်စ်မြို့ ၌ ဇူလိုင်လ ၁၆ ရက် စနေနေ့တွင် လက်ထပ်ခဲ့ကြကြောင်း သတင်းမီဒီယာများက ဖော်ပြခဲ့သည်။

၎င်းတို့နှစ်ဦးသည် လက်ထပ်ခွင့်လိုင်စင် ရရှိရန်အတွက် နီဗားဒါးပြည်နယ်ရှိ လာ့စ်ဗီးဂတ်စ်မြို့ သို့သွားရောက်ခဲ့ကာ ထိုနေရာရှိ ဘုရားကျောင်းတစ်ခု၌ပင် မင်္ဂလာဆောင်ခဲ့ကြောင်း လိုပက်ဇ် (လိုပေး) က OnTheJLo သတင်းလွှာတစ်စောင်တွင် ကြေငြာခဲ့သည်ဟု People မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

အဆိုပါ သတင်းလွှာတွင် လို‌ ပေး က ဘန်အက်ဖလက်၏ မျိုးရိုးအမည်ကိုခံယူကာ “မစ္စစ်ဂျနီဖာလင်းအက်ဖလက်” ဟု အမည်ပြောင်း လတ်မှတ်ရေးထိုးထားသည်ဟုလော့ဆန်းဂျလိစ်တိုင်းမ် က ရေးသား ဖေါ်ပြထားသည်။

လို‌‌ ပေးသည် ငွေရောင်လက်ထပ် လက်စွပ်ကို ဝတ်ဆင်ကာ အိပ်ယာပေါ်၌ လဲ လျောင်းနေသည့် သူ၏ ဓာတ်ပုံအား လူမှုမီဒီယာများပေါ်တွင် ဂုဏ်ယူဝင့်ကြွား စွာတင်ခဲ့သည်။

ဘန်နီဖာဟု လူသိများသည့် အဆိုပါ အက်ဖလက်နှင့် လိုပက်ဇ် တို့စုံတွဲသည် လွန်ခဲ့သောနှစ် ၂၀ လောက်ကတည်းက လက်ထပ်ဖို့အထိ နီးစပ်ခဲ့သော စုံတွဲဖြစ်သည်။

၂၀၀၂ ခုနှစ်က အဲဖလက်သည် လိုပတ်အား ၆ ဒသမ ၁ ကာရက် ရှိပန်းရောင်စိန်လက်စွပ်ဖြင့် စေ့စပ်လက်ထပ်ခွင့်တောင်းခဲ့သည်။

သို့ရာတွင် ၂၀၀၃ ခုနှစ်၌ ၎င်းတို့နှစ်ဦးသည် မင်္ဂလာပွဲကို ရုတ်တရတ် ဖျက်သိမ်းခဲ့ကာ လအနည်းငယ်အကြာ၌ လမ်းခွဲခဲ့ကြသည်။

ထို့နောက် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ၎င်းတို့၏ ဆက်ဆံရေးကို ပြန်လည်အသစတင်ခဲ့ကြပြီး ပြီးခဲ့သည့် ဧပြီလ၌ စေ့စပ်ခဲ့ကာ ယခုကဲ့သို့ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။

ဂျနီဖာက “အချစ်ဟာ လှပပြီး ကြင်နာတတ်တဲ့သဘောရှိပါတယ်။ ဒါပေမဲ့ စစ်မှန်တဲ့သူနဲ့ အတူနေရဖို့ဆိုရင် စိတ်ရှည်ရှည်စောင့်ဆိုင်းဖို့လည်း လိုအပ်တယ်လေ။ အနှစ်နှစ်ဆယ်ကြာခဲ့ပါပြီ။ ကျွန်မတို့မျှော်လင့်ထားသလိုမျိုးပေါ့” ဟုဆိုပြီး ၎င်း၏ သတင်းလွှာ၌ ရေးသားခဲ့သည်။

Source: Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here