လှိုင်တွင် တပ်မတော် အရာရှိတစ်ဦးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
129

လှိုင်တွင် တပ်မတော် အရာရှိတစ်ဦးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

ယနေ့ ဇူလိုင်လ (၁၈) ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် တပ်မတော်အရာရှိတစ်ဦးနှင့် ဇနီးဖြစ်သူတို့ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

လှိုင်မြို့နယ်၊ ဘုရင့်နောင် (၄) လမ်းတွင် နေထိုင်သည့် တပ်မတော် အရာရှိ ဗိုလ်ကြီး အောင်နိုင်ဖြိုးနှင့် ဇနီး ဖြစ်သူတို့ ကားဖြင့်ထွက်လာစဉ် ယနေ့ နံနက် (၉) နာရီဝန်း ကျင်က ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

” ယောက်ျားလုပ်သူက ဗိုလ်ကြီးလို့ သိရတယ်။ အစက တော့ မသိဘူး။ သတင်းတွေ တက်လာမှသာ ဗိုလ်ကြီးဆိုတာ သိတာ။ (၂) ယောက်လုံး သေတာပေါ့” ဟု ‌နယ်‌ေမြခံ သတင်းရင်းမြစ်က ပြောသည်။

ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့် ဇနီး ဖြစ်သူမဂျူးဂျူးအောင် တို့သည် ဘုရင့်နောင် (၄) လမ်း နေအိမ်မှ ကားဖြင့်ထွက်လာစဉ် (၂) ရပ်ကွက်၊ (၉) လမ်း၌ သေနတ်ဖြင့် ပစ်ခတ် ခံခဲ့ရခြင်း ဖြစ်ကြောငါး အဆိုပါ ဒေသခံက ပြောသည်။

ပစ်ခတ်မှုကြောင့် ဗိုလ်ကြီးအောင်နိုင်ဖြိုးနှင့် ဇနီးဖြစ်သူ မဂျူးဂျူးအောင်တို့တို့ လင်မယားတွင် နားထင် ဖောက်ထွက် ဒဏ်ရာ၊ လည်ပင်း ဖောက်ထွက် ဒဏ်ရာများ ဖြင့် အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားရာနေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိရေး လုပ်ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here