ဘီးလင်းတွင် နာရေးအိမ်သွားသည့်ကား မှောက်၍ (၅) ဦးသေ (၆) ဦး ဒဏ်ရာရ

0
225

ဘီးလင်းတွင် နာရေးအိမ်သွားသည့်ကား မှောက်၍ (၅) ဦးသေ (၆) ဦး ဒဏ်ရာရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာ သံတံ တားအနီးတွင် နာရေးအိမ်သို့သွားသည့် ဟိုက်ဂျက်မော်တော် ယာဉ် တိမ်းမှောက်ရာမှ အမျိုးသမီး (၄) ဦး၊ အမျိုးသား (၁) ဦး သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့ ဇူလိုင် (၁၈) ရက် မနက်ပိုင်းက မွန်ပြည်နယ် ဘီးလင်းမြို့နယ်၊ အလူးကျေးရွာမှ ဒေသခံများ လိုက်ပါလာသည့် ဟိုက်ဂျက် မော်တော်ယာဉ်သည် ကျိုက်ထိုမြို့နယ်မှ နာရေးအိမ်တစ်အိမ်သို့ အသွားတွင် ယခုကဲ့သို့ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” ရက်လည် အိမ်သွားရင်း ဘီးပေါက်ပြီး မှောက်တာ။ (၅) ယောက်ဆုံးပါတယ်။ (၃) ယောက်ကို ရန်ကုန်ပို့ပြီးတော့ (၃) ယောက်က ဘီးလင်း ဆေးရုံမှာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဘီးလင်းမြို့နယ်မှ ကျိုက်ထိုမြို့နယ်ဘက်သို့ မောင်းနှင်လာစဉ် ဘီးလင်းမြို့နယ် သပြေနီကျေးရွာအနီး သံတံ တားသို့အရောက်တွင် ဘီးပေါက်ကာ အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်တိမ်းမှောက်မှုကြောင့် ထိခိုက် ဒဏ်ရာရခဲ့သည့် လူနာ (၆) ဦးကို ရန်ကုန်ဆေးရုံကြီးနှသ့် ဘီလင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း လူမှုကူညီရေးအသင်းများထံက သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here