ယူရိုတန်ဖိုးကျ၊ ဒေါ်လာထက်ပင်နိမ့်သွား

0
152

ယူရိုတန်ဖိုးကျ၊ ဒေါ်လာထက်ပင်နိမ့်သွား

ယူကရိန်းစစ်‌ပွဲကြောင့်အီးယူ ၏စီးပွားရေးအန္တရာယ်ကြီးမားလာကာ အမေရိကန်ဒေါ်လာထက်ပင်ယူရို ငွေတန်ဖိုးကျဆင်းမှုသည် ဆယ်စုနှစ်နှစ်စုအတွင်း ပထမဆုံးအကြိမ်နိုင်ငံနှစ်ခု၏ငွေကြေးကိုတန်းတူဖြစ်သွားစေခဲ့သည်။

ဥရောပတစ်ခုတည်းသုံးငွေကြေးဖြစ်‌ သော ယူရိုသည် ကြာသပတေးနေ့တွင် ၀ ဒသမ ၉၉၅၂ ဒေါ်လာသို့ကျဆင်းသွားခဲ့ပြီး ၂၀၀၂ ခုနှစ်တရားဝင်စတင်ကြေငြာချိန်မှစ၍ တစ်ခါမှမ‌ဖြစ်ဖူးသောလဲလှယ်နှုန်းဖြစ်သည်။

သို့သော် ကုန်သည်များကမူ ယူရိုငွေပြန်တက်လာနိုင်သည်ဟု ယုံကြည်ကြပြီးလာမည့်လများတွင် အခက်အခဲများစွာကိုပါ ရှင်းလင်းပေးနိုင်သည်ဟုယုံကြည်ကြသည်။ထိုသို့ပုံမှန်ပြန်ဖြစ်လာရန် ပထမဆုံးဖြတ်ကျော်ရမည့်အချက်မှာ ဥရောပသို့ရုရှားကဓာတ်ငွေ့တင်ပို့မှုရပ်တန့်မည့်အန္တရာယ်ကို ဦးစွာဖြေရှင်းရမည်ဖြစ်သည်။ဥရောပသို့ရုရှား၏ဓာတ်ငွေ့မရောက်ရှိခြင်းက မီတာခကိုမြင့်တက်စေပြီး ယူရိုဇုန်နိုင်ငံများရှိ စက်မှုလုပ်ငန်းအချို့ကိုရပ်နားစေရန်တွန်းအားဖြစ်စေခဲ့သည်။

Nord Stream 1 ပြုပြင်ထိန်းသိမ်းမှု ပြီးဆုံးကာ ရုရှားမှဓာတ်ငွေ့စီးဆင်းမှုပုံမှန်ပြန်ဖြစ်သွားပါက မကြာမီအတွင်း ဥရောပတွင် ဓာတ်ငွေ့အကျပ်အတည်းဖြစ်လာမည့် စိုးရိမ်မှုများကို အနည်းငယ် လျော့ကျစေမည် ဖြစ်ကြောင်း Commerzbank မှ လေ့လာသုံးသပ်သူ Esther Reichelt က AFP သို့ပြောကြားခဲ့သည်။

ရုရှားဓာတ်ငွေ့ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Gazprom က ပိုက်လိုင်းကောင်းစွာ အလုပ်လုပ်နိုင်မည်ဟု အာမမခံနိုင်ကြောင်း သတိပေးခဲ့သောကြောင့် ဥရောပနိုင်ငံများသည် မော်စကိုမှဓာတ်ငွေ့ပေးပို့မှုများကို အပြီးတိုင်ရပ်ဆိုင်းကာ၎င်းတို့အပေါ် ဖိအားပေးရန် နည်းပညာဆိုင်ရာအကြောင်းပြချက်အသုံးပြုမည်ကို စိုးရိမ်လျက်ရှိသည်။

ပြင်သစ်သမ္မတ Emmanuel Macron ကပင်လျှင် ရုရှားသည် စွမ်းအင်ကိုစစ်လက်နက်တစ်ခုအဖြစ် အသုံးပြုနေသည်ဟု ကြာသပတေးနေ့ကပြောကြားခဲ့သည်။

အကယ်၍ Nord Stream 1 ပြန်မဖွင့်ပါက ဥရောပစွမ်းအင်အကျပ်အတည်းသည် စီးပွားရေးကျဆင်းမှုကို ကောင်းစွာဖြစ်ပေါ်စေနိုင်သောကြောင့် ကမ္ဘာတစ်ဝန်းတွင်စီးပွားရေးလှုပ်ခတ်မှုဒဏ်များကိုခံစားရမည်ဖြစ်ပြီး ယူရိုတန်ဖိုးလည်း ကျဆင်းသွားမည်ဖြစ်ကြောင်း SPI Asset Management မှ လေ့လာသုံးသပ်သူ Stephen Innes က သတိပေးပြောကြားခဲ့သည်။

 ဥရောပဗဟိုဘဏ် (ECB)က

“အခုလိုဆုတ်ယုတ်မှုတွေဖြစ်လာတာဟာ ယူရိုဇုန်မှာရှိတဲ့ဈေးကွက်တွေ အစိတ်စိတ်အမြွှာမြွှာဖြစ်လာနိုင်တဲ့အန္တရာယ်ရှိတယ်ဆိုတာ မလွဲဧကန်ပါပဲ” ဟုပြောကြားခဲ့သည်။

အခြားသော ဗဟိုဘဏ်များကဲ့သို့ပင် ECB သည်လည်း အတိုးနှုန်းကို သိသိသာသာမြှင့်တင်ခြင်းဖြင့် စီးပွားရေးကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။သို့သော် ယခုလိုဖြေရှင်းခြင်းကလည်း ယူရိုဇုန်ရှိ ချေးယူနှုန်းကွာဟမှုကြောင့် များပြားလှသောကြွေးမြီဈေးကွက်ကို အစိတ်စိတ်အမြွှာမြွှာဖြစ်သွားစေနိုင်သည့် အန္တရာယ်ကလဲရှိနေပြန်သည်။

အမေရိကဗဟိုဘဏ် သည်အတိုး နှုန်းထားများနှင့် ကတိစာချုပ်များကိုတိုးမြှင့်ပေးခြင်းအစားငွေကြေးဖောင်းပွမှုကို တန်ပြန်ရန် ဆက်လက်လုပ်ဆောင်သွားချိန်တွင် ECB ကမူ စီးပွားရေးကိုပံ့ပိုးရန် အလွန်လျော့ရည်းသည့် ငွေကြေးမူဝါဒကိုယခုအချိန်အထိ ထိန်းသိမ်းထားဆဲဖြစ်သည်။

ECB သည် ၎င်း၏ငွေကြေးမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်ကို ကြာသပတေးနေ့တွင် ကြေညာမည်ဖြစ်ပြီး ၁၁ နှစ်အတွင်း ပထမဆုံးအကြိမ် နှုန်းထားများမြှင့်တင်ခြင်းဖြစ်ကြောင်းပြသနေခဲ့သည်။

“ECB သည် ယူရိုငွေကြေးကို မြှင့်တင်ရန် ရည်ရွယ်ပါက၊ ၎င်းသည် ဇူလိုင်လတွင် ၅၀ bp တက်ခြင်း သို့မဟုတ် စက်တင်ဘာလအတွက် ၇၅ bp ရွေ့လျားမှုရှိရလိမ့်မည်” ဟု S&P လေ့လာသုံးသပ်သူများက မှတ်ချက်တစ်ခု၌ ပြောကြားခဲ့သည်။ 

“ယခု မူဝါဒပြုပြင်ပြောင်းလဲမှုများသည်တင်းကျပ်သောရပ်တည်ချက်၏အန္တရာယ်ကို လျှော့ချပေးကာ ငွေကြေးဖောင်းပွမှု မျှော်မှန်းချက်များကိုလည်းထိန်းမတ်ပေးနိုင်မည်ဖြစ်သည်” ဟု ၎င်းတို့ကဆိုသည်။

Berenberg မှ စီးပွားရေးပညာရှင်များအတွက် ယူရိုတန်ဖိုးကျဆင်းမှုသည် ၂၀၂၁ ခုနှစ်မှစ၍ သိသိသာသာတန်ဖိုးတက်လာသော ဒေါ်လာဈေး၏အားကောင်းမှုကြောင့် ဟုမှတ်ယူနိုင်သည်။

ဇွန်လတွင် စံချိန်တင်အမြင့်ဆုံးသို့ ထပ်မံရောက်ရှိခဲ့သော ငွေကြေးဖောင်းပွမှုကို ကန့်သတ်ရန်ကြိုးစားကာ အမေရိကန်ဗဟိုဘဏ်၏ ငွေကြေးမူဝါဒတင်းကျပ်ခြင်းက ဒေါ်လာအတွက်အကျိုးအမြတ်ရရှိခဲ့သည်။

” ဗဟိုဘဏ် သည် ဇူလိုင်လ ၂၇ ရက်နေ့အစည်းအဝေး၌ ၇၅ bp အစား ၁၀၀ bp နှုန်းသို့ မြှင့်တင်နိုင်လိမ့်မည်ဟု စျေးကွက်များကခန့်မှန်းနေကြသည်” ဟု Berenberg က မှတ်ချက်ပြုသည်။“အဲ့ဒီအခါ ဒေါ်လာဈေးက ပိုခိုင်မာလာနိုင်ပါတယ်” ဟုလည်းဆိုသည်။

ထိုသို့ဖြစ်လျှင် ယူရိုငွေသည် ၂၀၂၂ အကုန်၌‌ ဒေါ်လာထက်တန်ဖိုးမြင့်နိုင်ကြောင်း ၎င်းတို့ကဆိုသည်။

Source – AFP


LEAVE A REPLY

Please enter your comment!
Please enter your name here