ကျောက်တန်းမြို့နယ်တွင် ဆိုင်ကယ်‌ပေါ် လက်ပစ်ဗုံးပေါက်သဖြင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား သေဆုံး

0
255

ကျောက်တန်းမြို့နယ်တွင် ဆိုင်ကယ်‌ပေါ် လက်ပစ်ဗုံးပေါက်သဖြင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား သေဆုံး


ရန်ကုန်တိုင်းဒေသကြီး ၊ ကျောက်တန်းမြို့နယ်တွင် ဆိုင်ကယ်ပေါ် လက်ပစ်ဗုံးကွဲရာမှ အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၁၇) ရက် ည ၈ နာရီခွဲအချိန်ခန့်က ကျောက် တန်းမြို့နယ်၊ ခနောင်ကျေးရွာအနီး ကမာကလုတ်ကျေး ရွာသွားကားလမ်းပေါ်ရှိ တယောဘုတ်တံတား အနီးတွင် မောင်းနှင်နေသည့် ဆိုင်ကယ်ပေါ်မှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ဆိုင်ကယ်မောင်းနှင်သူအမျိုး သားမှာ ဝဲလက်ကောက်ဝတ်မှ ပြတ်ကာ၊ ယာလက် ချော င်းများ၊ လည်ပင်း၊ မေးစေ့နှင့် ဝဲခြေသလုံးတို့ ပေါက်ပြဲပွင့်ထွက် ဒဏ်ရာများဖြင့်‌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက် စစ်ဆေးခဲ့ရာ သေဆုံးသူ စီးနင်းလာသည့် မော်တော်ဆိုင်ကယ် (၁) စီးနှင့် အနက်ရောင် ဘေးလွယ်အိတ် တစ်လုံးအား သေဆုံးသူ၏အနီးမှ တွေ့ရှိရသဖြင့် အနက်ရောင်ဘေးလွယ်အိတ်အား ဖွင့်ဖောက်စစ် ဆေးခဲ့ရာ အိတ်အတွင်းမှ အမျိုးအစား(စိစစ်ဆဲ) လက် ပစ်ဗုံး (၁) လုံးအား တွေ့ရှိရသဖြင့် ဖောက်ခွဲရှင်းလင်းပစ်ခဲ့‌ကြောင်း သိရသည်။

လက်ရှိတွင် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့သူမှာမည်သူ မည်ဝါ ဖြစ်သည်ကို စုံစမ်းစစ်ဆေးဆဲအခြေအနေသာရှိသေးပြီး ပါဝင်ပတ်သက်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here