​ဒေါ်လာ ၁၈သန်းခန့်တန်ဖိုးရှိသည့် တားမြစ်​တောရိုင်းတိရိစ္ဆာန်၏ဆက်စပ်ပစ္စည်းများ​မှောင်ခိုသယ်ယူမှုဖမ်းမိ

0
135

​ဒေါ်လာ ၁၈သန်းခန့်တန်ဖိုးရှိသည့် တားမြစ်​တောရိုင်းတိရိစ္ဆာန်၏ဆက်စပ်ပစ္စည်းများ​မှောင်ခိုသယ်ယူမှုဖမ်းမိ

ကလမ်းဆိပ်ကမ်း၊ဇူလိုင်၁၉

အမေရိကန် ဒေါ်လာ ၁၈ သန်းဖိုးခန့်ရှိသော အာဖရိက ဆင်စွယ်များ၊ သင်းခွေချပ်အကြေးခွံများ၊ အခြား တောရိုင်း တိရိစ္ဆာန်များ၏ ဦးခေါင်းခွံများနှင့် အရိုးများ ပါရှိသည့် တရားမဝင် ကွန်တိန်နာတစ်လုံးကို မလေးရှား အာဏာပိုင်များကသိမ်းဆည်းရမိခဲ့သည်။

မလေးရှားတော်ဝင် အကောက်ခွန်ဌာနက ဇူလိုင်လ ၁၀ ရက်နေ့၌ စစ်ဆေးစဥ် တင်ပို့ရန် စီထားသော သစ်ပုံနောက်တွင် ဝှက်ထားသည့် မှောင်ခိုကွန်တိန်နာတစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိမှုတွင် ဆင်စွယ် ​ခြောက်ထောင် ကီလိုဂရမ်၊ သင်းခွေချပ် အကြေးခွံ တစ်ရာ ကီလိုဂရမ်၊ ကြံ့ချို နှစ်ဆယ့်ငါး ကီလိုဂရမ်နှင့် အရိုးနှင့် ဦးချိုများ အပါအဝင် တိရစ္ဆာန် အစိတ်အပိုင်း သုံးရာ ကီလိုဂရမ် ပါဝင်သည်ဟု ၎င်းကဆိုသည်။

မလေးရှား အကောက်ခွန် ညွှန်ကြားရေးမှူးချုပ် Zazuli Johan က မလေးရှားနိုင်ငံ၏ အဓိက ဆိပ်ကမ်းဖြစ်သည့် ကလမ်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် အဆိုပါ ဖမ်းဆီးရမိမှုသည် ယနေ့အထိ အကြီးမားဆုံးဖမ်းဆီးရမိမှု ဖြစ်ကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုကွန်တိန်နာအား သယ်ဆောင်ခဲ့သည့် သင်္ဘောသည် အာဖရိကမှ အဘူဒါဘီ၊ အဘူဒါဘီ မှတဆင့် မလေးရှားတောင်ပိုင်းရှိ အဓိက ဆိပ်ကမ်းဖြစ်သည့် Pasir Gudangသို ရောက်ရှိခဲ့ကြောင်းသိရသည်။

အကောက်ခွန်ဌာနက စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုကာ နောက်ထပ် အသေးစိတ်အချက်အလက်များကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။

ထိုကြောင့် အဆိုပါ ကွန်တိန်နာသည် အာရှတိုက်၏ အခြားဒေသသို တင်ပိုရန် ရည်ရွယ်ထားခြင်း ရှိ၊ မရှိ ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ထိုအဖြစ်အပျက်ကြောင့် မှောင်ခိုတင်သွင်းသူများသည် တားမြစ်တောရိုင်းတိရိစ္ဆာန်များကို​မှောင်ခိုသယ်ယူရန် မလေးရှားဆိပ်ကမ်းများကို ဆက်လက်အသုံးပြုနေသည်ကို သေချာစွာ အတည်ပြုနိုင်ခဲ့ကြောင်း အရှေ့တောင်အာရှ၏ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းစောင့်ရှောက်ရေး ဒါရိုက်တာ Kanitha Krishnasamy ကပြောကြားခဲ့သည်။

source: Aljazeera


LEAVE A REPLY

Please enter your comment!
Please enter your name here