မြန်မာ-တရုတ်နှင်နိုင်ငံကြား ခရီးသွားကဏ္ဍမြှင့်တင်ရန် ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ယဉ်ကျေးမှုနှင့်ထွက်ကုန်ပြပွဲကျင်းပ

0
216

မြန်မာ-တရုတ်နှင်နိုင်ငံကြား ခရီးသွားကဏ္ဍမြှင့်တင်ရန် ပေကျင်းမြို့ရှိ မြန်မာသံရုံး၌ မြန်မာ့ယဉ်ကျေးမှုနှင့်ထွက်ကုန်ပြပွဲကျင်းပ

ပေကျင်းမြို့ရှိ မြန်မာသံရုံးမှကြီးမှူး၍ မြန်မာ့ယဉ် ကျေးမှုနှင့်ထွက်ကုန်ပြပွဲ(Myanmar Culture and Product Shows)အား ဇူလိုင် ၁၈ ရက်က မြန်မာသံရုံး၌ ကျင်းပခဲ့သည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ ပြည်သူများကြားချစ် ကြည်ရင်းနှီးမှုပိုမိုမြှင့်တင်ရန်၊မြန်မာနိုင်ငံ၏ ယဉ် ကျေးမှုအား တရုတ်ပြည်သူများနားလည်နိုင်စေရန်နှင့်ခရီးကဏ္ဍမြှင့်တင်ရန်နှင့်မြန်မာနိုင်ငံထွက် ကုန်များအား တရုတ်နိုင်ငံဈေးကွက်တွင် ပိုမိုတိုးချဲ့ထိုးဖောက်နိုင်စေရန်ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြပွဲ၌ မြန်မာနိုင်ငံမှထွက်ကုန်ပစ္စည်းမျိုးစုံဖြစ်သည့် ကျောက်စိမ်း၊ရွှေပုလဲ၊ကော်ဖီ၊မြန်မာ့လက် ဖက်ရည်၊မြန်မာ့အဖျော်ယမကာ၊မြန်မာ့စိုက်ပျိုး ရေးထွက်ကုန်ပစ္စည်းများအား ခင်းကျင်းပြသခဲ့သည်။

အလားတူ မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာ မျိုးစုံဖြစ်သည့် ယွန်းထည်ပစ္စည်းများ၊ရေထွက်ကုန်ပစ္စည်းများအပါအဝင် ထွက်ကုန်ပစ္စည်းများကိုလည်းခင်းကျင်းပြသခဲ့ကြသည်။

ပြပွဲသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊သံတမန်အသိုင်းအဝိုင်း၊မြန်မာနိုင်ငံနှင့်ကုန်သွယ်စီးပွားလုပ်ကိုင်ရန် စိတ်ပါဝင်စားသည့် တရုတ်နိုင်ငံမှ စီး ပွားရေးလုပ်ငန်းရှင်များ လာရောက်ကြည့်ရှုလေ့ လာခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here