ဘဏ်များအနေဖြင့် လုပ်ငန်းအောင်မြင်တိုးတက်စေရေး ဗဟိုဘဏ်၏လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန်လိုအပ်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌမှာ ကြား

0
206

ဘဏ်များအနေဖြင့် လုပ်ငန်းအောင်မြင်တိုးတက်စေရေး ဗဟိုဘဏ်၏လမ်းညွှန်ချက်များနှင့်အညီဆောင်ရွက်ရန်လိုအပ်ဟု ဗဟိုဘဏ် ဥက္ကဋ္ဌမှာ ကြား

ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိန်းမှ မြန်မာနိုင်ငံဘဏ်များအသင်းအမှုဆောင်အဖွဲဝင်များအား ဇူလိုင် ၁၈ ရက်နံနက် ၁၀ နာရီကတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“နိုင်ငံတော်ရဲ့ စီးပွားရေးဖွံဖြိုးရေးအတွက် အရေး ကြီးတဲ့ ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်စွာနဲ့ ဖွံဖြိုးဖိုအတွက် ဘဏ္ဍာရေးမူဝါဒနဲ့ငွေကြေးမူဝါဒတွေကို ဟန်ချက်ညီအောင် အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်”ဟု ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိန်းကပြောသည်။

ထိုပြင် ဘဏ်များအားလုံးဝိုင်းဝန်းပူးပေါင်းကြိုး ပမ်းဆောင်ရွက်ပေးခြင်းကြောင့် ပြည်သူများကြား၌ ဘဏ်အသုံးပြုမှုပိုများလာကာ ဘဏ်လုပ်ငန်းစနစ်အပေါ် ယုံကြည်မှု တိုးတက်တည် ဆောက်နိုင်ခဲ့ပြီး ဗဟိုဘဏ်အနေဖြင့် ဘဏ်များအခက်အခဲကြုံတွေ့ရစဉ် Liquidity Support ဆောင်ရွက်ပေးခြင်း၊လိုက်နာရမည့် သတ်မှတ်အချိုးများအား ဖြေလျှော့ပေးခြင်း၊ဘဏ်တစ်ဘဏ်ချင်းအလိုက် လိုအပ်ချက်အပေါ်မူတည်၍ ပံ့ပိုးပေးခြင်းတိုအား ပြုလုပ်ပေးခဲ့သည်ဟုပြောသည်။

“ဘဏ်တွေရဲ့ ဝန်ဆောင်မှုကောင်းသထက် ကောင်းအောင် စီမံခန့်ခွဲသူတွေက ဦးဆောင်ပြီး ဆောင်ရွက်ပေးရမှာဖြစ်သလို ဘဏ်တွေအနေနဲ့ လုပ်ငန်းအောင်မြင်တိုးတက်ဖို ဗဟိုဘဏ်ရဲ့လမ်း ညွှန်ချက်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားဖိုလိုအပ်ပါတယ်”ဟု ဗဟိုဘဏ် ဥက္ကဋ္ဌဦးသန်းညိန်းကပြောသည်။

ထိုနောက် ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌ ဦးဝင်းသော်မှဘဏ်များအတွက်လိုအပ်သည့် ငွေသားလွယ်ကူမှု ပံ့ပိုးပေးခြင်းများအား စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကာ နိုင်ငံခြားသုံးငွေဆိုင်ရာ သတ်မှတ်ချက်များ၊ဆောင်ရွက်ရမည့် နည်းလမ်းများကို ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။

အလားတူ ဘဏ်များအားလုံးသည် ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ညွှန်ကြားချက်၊လုပ်ထုံးလုပ်နည်းများအား တိကျစွာလိုက်နာဆောင်ရွက်ရန်လိုကာ ကမ္ဘာ့စီးပွားရေးနှင့်နိုင်ငံ့စီးပွားရေးအခြေအနေအရ ငွေရေးကြေးရေးက ဏ္ဍဖွံဖြိုးစေရန် လိုက်လျောညီထွေရှိမည့် ငွေ ကြေးမူဝါဒနည်းလမ်းများနှင့်ဘဏ်များတွင် ရင် ဆိုင်နေရသည့် စိန်ခေါ်မှုများကို ပြေလည်စေမည့် နည်းလမ်းများ၊ဖြေလျှော့မှုများကို ချမှတ်အ ကောင်အထည်ဖော်လျက်ရှိသည်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေကပြောသည်။

ထိုအတူ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌဒေါ်ခင်စောဦးနှင့်ဘဏ်အသီးသီးမှတက်ရောက်လာကြသည့် တာဝန်ရှိသူများမှလည်း ဗဟိုဘဏ်၏ လမ်းညွှန်မှုနှင့်အညီ ဘဏ်လုပ်ငန်းကဏ္ဍ ဆက် လက်ဖွံဖြိုးတိုးတက်ရန် လက်ရှိဆောင်ရွက်မှု၊ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်များအားဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here