Solar မီးပေးစနစ်ပါဝင်သည့် ဝေဘာဂီအထူးကုဆေးရုံကြီးအား နိုင်ငံတကာအဆင့်မီဆေးရုံအ ဖြစ် စံနမူနာပြဆောင်ရွက်မည်

0
112

Solar မီးပေးစနစ်ပါဝင်သည့် ဝေဘာဂီအထူးကုဆေးရုံကြီးအား နိုင်ငံတကာအဆင့်မီဆေးရုံအ ဖြစ် စံနမူနာပြဆောင်ရွက်မည်

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ ဝေဘာဂီအထူးကုဆေး ရုံကြီး၌ Asia World ကုမ္ပဏီမှဆောက်လုပ်လှူဒါန်းထားသည့် ခုတင် ၁၂၀ ဆံ့ သုံးထပ်လူနာဆောင်သစ်ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ ဇူလိုင် ၁၈ ရက်က သွားရောက်ကြည့်ရှုစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု သုံးထပ်လူနာဆောင်သစ်မှာ လူနာတွေထားဖို့အတွက် အဆောက်အဦးပြင်ဆင်တဲ့အပိုင်းကိုပြည့်စုံအောင်လုပ်ထားပြီး Solar မီးပေးစနစ် Wifi စနစ်တွေ ပြည့်စုံတာကိုတွေ့ရပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ဝေဘာဂီအထူးကုဆေးရုံကြီးအား National Center for Infectious Diseases အဖြစ်တည်ထောင်နိုင်ရန် မျှော်မှန်းထား၍ ရေရှည်တွင် ကူးစက်မြန်ရောဂါလူနာများ အဓိကတက်ရောက်နိုင်သည့် နိုင်ငံတကာအဆင့်မီဆေးရုံအဖြစ် စံနမူနာပြဆောင်ရွက်သွားမည်ဟု ပြောသည်။

ထို့ကြောင့် လိုအပ်သည့် ဆေးရုံသုံးပစ္စည်းများနှင့် ဝန်ထမ်းများအား တစ်ဆင့်ချင်းဖြည့်ဆည်းပေးသွားမည်ဖြစ်ကာ ဝန်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ပေးမည်ဟုပြောသည်။

“ဆေးရုံကြီးကို အမြန်ဆုံးဖွင့်လှစ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့လိုပြီး ရေရှည်ကောင်းမွန်အောင်လည်း အဆောက်အဦပြင်ဆင်ထိန်းသိမ်းတာကို ပုံမှန်ဆောင်ရွက်ရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကမှာကြားခဲ့သည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် Negative Pressure ဖြင့်လူနာများထားရှိနိုင်မည့် သီးသန့်ခန်းများ၊အထူးခန်းများ၊အထူးကြပ်မတ်ကုသဌာနများ၊အဆောက်အဦးတွင်တပ်ဆင်ထားသည့် Wifi စနစ်၊လူနာများအတွက် ရုပ်မြင်သံကြားလိုင်းများကြည့်ရှုနိုင်မည့်စနစ်၊လူနာခန်းများနှင့်ဆရာဝန်ခန်းများဆက်သွယ်နိုင်ရန် အင်တာကွန်းတပ်ဆင်နေမှု၊ Solar ဖြင့် မီးပေးစနစ်နှင့် Transformer တို့အားကြည့်ရှုစစ်ဆေးခဲ့သည်။

အလားတူ ဆေးရုံကြီးရှိ အောက်ဆီဂျင်စက်ရုံနှင့်ရေသန့်စင်စက်၊လူနာများစိတ်ချမ်းသာစွာအနားယူနိုင်ရန် မြေယာရှုခင်းပြုပြင်နေမှုတို့ကိုလည်း ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here