မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်လက်နက်မှောင်ခိုတားဆီးနှိမ်နင်းရေးဆောင်ရွက်ခဲ့မှုများအား ဆွေးနွေးခဲ့

0
192

မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်လက်နက်မှောင်ခိုတားဆီးနှိမ်နင်းရေးဆောင်ရွက်ခဲ့မှုများအား ဆွေးနွေးခဲ့

၂၂ ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာအာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်း အဝေးအား ဇူလိုင် ၁၉ ရက်နံနက် ၉ နာရီက က မ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်ဦးဆောင်၍ Video Conferencing ဖြင့်ပြုလုပ်ခဲ့သည်။

အစည်းအဝေးသဘာပတိဖြစ်သည့် ကမ္ဘောဒီး ယားနိုင်ငံ၊ပြည်ထဲရေးဝန်ကြီးရုံး အထွေထွေအ တွင်းရေးမှူးချုပ် (SOMTC ခေါင်းဆောင်)ရဲဗိုလ် ချုပ်ကြီး POR PHAK က အဖွင့်အမှာစကားပြောကြားခဲ့သည်။

အလားတူ မြန်မာ SOMTC ခေါင်းဆောင် ရဲဗိုလ်ချုပ်အောင်အောင်မှ မြန်မာနိုင်ငံ၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်း၊မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့်လက်နက်မှောင်ခိုတားဆီးနှိမ်နင်းရေးဆောင်ရွက်ခဲ့မှုများ၊အိမ်နီးချင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုများအား ရှင်းလင်းဆွေး နွေးခဲ့သည်။

ထို့ပြင် အာဆီယံ ၁၀ နိုင်ငံမှ SOMTC ခေါင်း ဆောင်များက နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးနှင့်ပတ်သက်၍ နိုင်ငံတကာအဆင့်၊ဒေ သအဆင့်နှင့်နိုင်ငံအဆင့် ပူးပေါင်းဆောင်ရွက်မှုများအား ဆွေးနွေးခဲ့ကြသည်။

ထို့အတူ အာရှဒေသတွင်း စိမ့်ဝင်လာသည့် အ ကြမ်းဖက်မှုအန္တရာယ်တားဆီးနှိမ်နင်းရေး၊မူး ယစ်ဆေးဝါးပြဿနာ၊လက်နက်မှောင်ခိုသယ် ဆောင်မှုများ၊လူကုန်ကူးမှု၊ဆိုက်ဘာမှုခင်း၊တောရိုင်းတိရစ္ဆာန်နှင့်သစ်များတရားမဝင်သယ်ဆောင်ရောင်းဝယ်မှုတိုက်ဖျက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အလားတူ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံလုပ်ငန်းစီမံချက် (၂၀၁၆-၂၀၂၅) အကောင်အထည်ဖော်မည့် SOMTC လုပ်ငန်းစဉ်(၂၀၂၂-၂၀၂၄)၊ SOMTC ၏ လုပ်ငန်းလမ်းညွှန်(TOR)နှင့်အထွေထွေနိုင်ငံဖြတ်ကျော်မှုခင်းများဆိုင်ရာ SOMTC လုပ်ငန်းအဖွဲ့၏ လုပ်ငန်းလမ်းညွှန်(TOR)တို့အား အတည်ပြုခဲ့ကြသည်။

ထို့နောက် အာရှဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး၌ ပူးပေါင်းပါဝင်ပံ့ပိုးပေး လျက်ရှိသည့် တရုတ်၊ဂျပန်၊ကိုရီးယား၊ဩစတြေး လျ၊ကနေဒါ၊ဥရောပသမဂ္ဂ၊အိန္ဒိယ၊နယူးဇီလန်၊အမေရိကန်နိုင်ငံတို့နှင့်ပြုလုပ်မည့် အစည်းအဝေးအ စီအစဉ်များနှင့်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သက်ဆိုင်ရာနိုင်ငံအလိုက် ဆွေးနွေးခဲ့ကြသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here