( ၂၀.၇.၂၀၂၂) မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၆) ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
149

ယမန်နေ့( ၂၀.၇.၂၀၂၂) မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၁၆) ဦးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

ကျန်းမာရေး ဝန်ကြီး ဌာန၏ ဇူလိုင်လ (၂၀) ရက် ညပိုင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်ခံရသူ (၁၆) ဦး ရှိကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်အရ (၁၉)ရက် ည (၈)နာရီမှ (၂၀) ရက် ည (၈) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၁၀၂)
ခုအား စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၆) ဦး တွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၈,၄၇၃,၅၂၄) ခုအား စစ်ဆေးခဲ့ပြီး ကိုဗစ် – ၁၉ ဓာတ်ခွဲ အတည်ပြုလူနာ စုစု ပေါင်း (၆၁၃,၈၇၁) ဦးရှိပြီ ဖြစ်‌ကြောင်း သိရသည်။

အဆိုပါ ကိုဗစ်အတည်ပြု လူနာများထဲမှ ယနေ့အချိန်အ ထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၅၉၂,၇၆၆) ဦး ရှိကာ သေဆုံးသူစုစုပေါင်း (၁၉,၄၃၄) ဦးရှိကြောင်း ကျန်း မာရေး ဝန်ကြီးဌာန စာရင်းများအရ သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပြီးအသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံ ပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိပါ၍ ပြည်သူများအနေဖြင့် ကာကွယ်ဆေးထိုးနှံရန် တိုက်တွန်းနှိုးဆော်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here