မြန်မာနိုင်ငံတွင် ဇူလိုင်လ (၁၁) ရက်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ (၁) သန်းကျော်အထိ ရှိလာဟု OCHA ထုတ်ပြန်

0
235

မြန်မာနိုင်ငံတွင် ဇူလိုင်လ (၁၁) ရက်အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ (၁) သန်းကျော်အထိ ရှိလာဟု OCHA ထုတ်ပြန်

ကုလသမဂ္ဂ လက်အောက်ခံ OCHA ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် ဇူလိုင်လ (၁၁) ရက်အထိ မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူ (၁) သန်းကျော်အထိ ရှိလာကြောင်း သိရသည်။

အဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူများမှာ စစ်ပွဲများ ပြင်းထန်နေသည့် မြန်မာနိုင်ငံ တောင်ပိုင်း၊ အရှေ့တောင်ပိုင်း ဒေသများအပါအဝင် ၊ အထက်အညာဒေသက ဒေ သခံ ပြည်သူများဖြစ်ကြောင်း ကုလသမဂ္ဂလက်အောင်ခံ လူသားချင်းစာနာမှုအကူညီပေးရေးအဖွဲ့များ၏ စစ်တမ်းများအရ သိရသည်။

OCHA ၏ အဆိုအရ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက် နောက်ပိုင်းတွင် စစ်ပွဲနှင့် ပဋိပက္ခများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသည့် နေရပ်စွန့်ခွက်ထွက်ပြေးရသူ ဦး ရေသည် ၇၈၃,၄၀၀ ဦးအထိ ရှိပြီး ယင်းမတိုင်ခင် ထွက်ပေးတိမ်းရှောင်ရသူဦးရေမှာ ၃၄၆,၆၀၀ ဦး ရှိကြောင်း သိရသည်။

လက်ရှိတွင် မြန်မာနိုင်ငံအရှေ့တောင်ပိုင်း၌ တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများ၏ လုံခြုံရေးနှင့် လူသားချင်းစာနာမှု လိုအပ်ချက် အခြေအနေမှာ ဆိုးရွားစွာ လိုအပ်နေကြောင်းလည်း သိရသည်။

ထို့အပြင် ယခု ဇူလိုင်လ အစောပိုင်းမှ စတင်ပြီး ခန့်မှန်း ခြေ အရပ်သားပြည်သူ ၁၈,၃၇၀ ဦးဟာ နေအိမ်တွေကို စွန့်ခွာပြီး ပိုမို၍ ဘေးကင်းလုံခြုံသည့် နေရာများသို့ ရွှေ့ ပြောင်း ခဲ့ရကြောင်း သိရသည်။

OCHA နှင့် မိတ်ဖက်အဖွဲ့များ၏ အချက်အလက်များအရအဆိုပါ နေရပ်စွန့်ခွာ ထွက်ပြေးရသူများမှာ ပဲခူးတိုင်းဒေသကြီး အရှေ့ပိုင်းမှာ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာ (၁၈) ရွာမှ အနည်းဆုံး ၁၂,၃၀၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှာ သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ(၇) ရွာမှ ၁,၀၀၀ ဦး၊ မွန်ပြည်နယ် သထုံမြို့နယ်က ၁,၅၀၀ ခန့်၊ ကရင် ပြည် နယ် ဖားအံမြို့နယ်မှ ၅၀၀ ဦး၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ ၇၀ ဦးနဲ့ မိုးကောင်းမြို့နယ်မှာ ၃,၀၀၀ ဦးခန့် ပါ ဝင်ကြောင်း သိရသည်။

အဆိုပါ စာရင်းမှာ လက်လှမ်းမီသလောက် စာရင်းမျှသာဖြစ်ပြီး မြေပြင်လက်တွေ့အခြေအနေ၌ ယခုအရေအတွ က်ထက် များစွာ သာလွန်များပြားနေနိုင်ကြောင်း OCHA က ၎င်းတို့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here