အောင်မြေသာစံမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးရုံးအနီး၌ လက်လုပ်ဗုံးပေါက်ကွဲ

0
151

အောင်မြေသာစံမြို့နယ်ရှိ ရပ်ကျေးအုပ်ချုပ်ရေးရုံးအနီး၌ လက်လုပ်ဗုံးပေါက်ကွဲ

မန္တလေးတိုင်း၊အောင်မြေသာစံမြို့နယ်၊ပုလဲငွေရောင်ရပ်ကွက်၏ ရပ်ကျေးအုပ်ချုပ်ရေးရုံးအား ဇူလိုင် ၂၀ ရက်ညပိုင်းက လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရသည်ဟု သိရသည်။

ယင်းနေ့ည ၉ နာရီ ၁၀ မိနစ်ခန့်က ပုလဲငွေရောင်ရပ်ကွက်၊ ၈၂ လမ်းနှင့် ၂၀ လမ်းထောင့်ရှိ ရပ်ကျေးအုပ်ချုပ်
ရေးရုံးအား ၂၀ လမ်းအတိုင်း အနောက်မှအရှေ့သို့ ဆိုင်ကယ်မောင်းလာသည့် အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်၍ ၈၂ လမ်းအတိုင်း တောင်ဘက်သို့မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရပ်ကျေးအုပ်ချုပ်ရေးရုံးတွင်တာဝန်ကျနေသည့် လုံခြုံရေးအဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ကြသဖြင့် ဆိုင်ကယ်နောက်မှလိုက်ပါစီးနင်းလာသူအား ကျည်ထိမှန်သွားခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

အဆိုပါ လက်လုပ်ဗုံးသည် ပုလဲငွေရောင်ရပ်ကျေးအုပ်ချုပ်ရေးရုံးအနီး ၂၀ လမ်းပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ကာ ပေါက်ကွဲမှုဖြစ်စဥ်တွင် လူနှင့်အဆောက်အဦး ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

Photo _CJ


LEAVE A REPLY

Please enter your comment!
Please enter your name here