ဒဂုံတောင်မြို့နယ် ယောက်ကော်ပန်းခြံအနီး၌ အဌားကားမောင်းသူတစ်ဦးအား ဓားဖြင့်ထိုးပြီးဖုန်းလုယူသွား

0
235

ဒဂုံတောင်မြို့နယ် ယောက်ကော်ပန်းခြံအနီး၌ အဌားကားမောင်းသူတစ်ဦးအား ဓားဖြင့်ထိုးပြီးဖုန်းလုယူသွား

 

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ယောက်ကော်ပန်းခြံအနီးတွင် ကားရပ်၍အောက်ခနဆင်းသည့် အဌားကားမောင်းသူအား ဓားဖြင့်ထိုး၍ဖုန်းလုယက်သွားခဲ့မှု ဇူလိုင် ၂၀ ရက်ညပိုင်းက ဖြစ်ပွားခဲ့ကြောင်း သုခကာရီလူမှုကယ်ဆယ်ရေးအသင်းမှ သိရသည်။

ယင်းနေ့ည ၁၁ နာရီခွဲခန့်က တောင်ဥက္ကလာပမြို့ နယ်၊ ၃ ရပ်ကွက်ရှိ မီးရထားဝင်းအိမ်ယာနေ အ သက်(၅၀)ဝန်းကျင်ရှိ အဌားကားမောင်းသူသည် ယောက်ကော်ပန်းခြံအနီး၌ ကားရပ်၍အောက်သို့ခနဆင်းစဥ် အမည်မသိအမျိုးသား ၅ ဦးရောက်ရှိလာခဲ့ကြောင်း သိရသည်။

ထိုသို့ ရောက်ရှိလာပြီးနောက် အဌားကားမောင်းသူ၏နောက်ကျောအား ဓားဖြင့်ထိုး၍ ဖုန်းအားလု ယက်ယူဆောင်ကာ ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါ အဌားကားမောင်းသူသည် ဓားထိုးခံရသည့်ဒဏ်ရာဖြင့် တောင်ဥက္ကလာပရှိနေအိမ်သို့ပြန် လည်မောင်းနှင်လာကာ ဖြစ်စဥ်အားပြောပြခဲ့၍ ၎င်း၏မိသားစုဝင်များမှ ဖုန်းဆက်အကူအညီတောင်းခံခဲ့သဖြင့် သုခကာရီလူမှုကူညီရေးအ သင်းမှ သွားရောက်ကူညီခဲ့ကြသည်။

ထို့နောက် ဓားထိုးခံရသူအား လိုအပ်သည့်ပြုစုကုသမှုများပြုလုပ်ခဲ့ပြီးနောက် မြောက်ဥက္ကလာပမေဓာဝီဆေးရုံသို့ ဆေးကုသမှုခံယူရန် သုခကာရီလူ မှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-သုခကာရီလူမှုကူညီရေးအသင်း

 

 


LEAVE A REPLY

Please enter your comment!
Please enter your name here