တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေ ကြောင်း နစက ဥက္ကဋ္ဌပြော

0
273

တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေ ကြောင်း နစက ဥက္ကဋ္ဌပြော

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုသည် ဆယ်စုနှစ် တစ်ခုစာ ဆုတ်ယုတ်သွားကြောင်း ကမ္ဘာ့ဘဏ်က သတင်းထုတ်ပြန်ပြီး​နောက် တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နေကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဇူလိုင်လ (၂၁) ရက်က နေပြည်တော်တွင် ကျင်းပသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၆/ ၂၀၂၂)တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မိမိတို့အနေဖြင့် နိုင်ငံစီးပွား ရေးဖွံ့ဖြိုးတိုးတက်ရန်အ တွက် အခြေခံမူဝါဒများ ချမှတ်၍ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးကို အခြေခံသ ည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး က ဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည် ဆောက်ရေးကို ပထမ ဦးစားပေးအနေဖြင့် ဆောင်ရွက်နေကြောင်း ထည့်သွင်း ပြောကြားသွားသည်။

ထို့အပြင် ဒုတိယ ဦးစားပေးအနေဖြင့် ဈေးကွက်စီးပွား ရေးစနစ်ကို တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအား ဖိတ်ခေါ်ကာ တိုင်ရင်းသား ပြည်သူတစ်ရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည် ဆောက်ရေးကို လုပ်ဆောင်နေကြောင်းဆိုသည်။

၎င်းအနေဖြင့် ယင်းသို့ ပြောကြားသော်လည်း မြန်မာနိုင်ငံ၏ လက်ရှိစီးပွါးရေးအခြေအနေနှင့် ဆန်ရှင်​တို့ကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများလည်း အင်တိုက်အားတိုက်မလာ​​ရောက်ကြ​ပေ။နိုင်ငံတကာတွင်လည်းအ​မေရိကန်​ဒေါ်လာက ရင်းနှီးမြုပ်နှံမှုအတွက် အကောင်းဆုံးဖြစ်နေသဖြင့်မြန်မာတွင်ရင်းနှီးမြုပ်နှံထား​သော ကုမ္မဏီအချို့လည်းထွက်ခွာ​နေမူများရှိသည်။

ကမ္ဘာ့ဘဏ်၏ ဇူလိုင်လ ၂၁ ရက် ထုတ်ပြန်ချက်အရ ယခုနှစ်အတွင်း တိုင်းပြည်ရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ် မှုတန်ဖိုး GDP သည် ၂၀၁၉ ခုနှစ်နဲ့ယှဉ်ရင် (၁၃) ရာခိုင် နှုန်း ဆက်လက် ကျဆင်းနေမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် စီးပွားရေးလုပ်ငန်းအားလုံးကို အနှောင့်အယှက် ဖြစ်စေခဲ့သည့် ငွေကြေးဖောင်းပွမှုသည် ပြီးခဲ့သည့် မတ် လ၌ပင် (၁၇) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟုလည်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်က ဆိုထားသည်။

သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည်စီး ပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများဖော်ဆောင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ဘဏ်၏ ဇူလိုင် (၂၁)ရက် ထုတ်ပြန်သည့် အစီရင် ခံစာအရ မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးသူ ဦးရေမှာ တစ် နိုင်ငံလုံးရှိသည့် လူဦးရေ၏ (၄၀)ရာခိုင်နှုန်းအထိ ရှိ‌နေပြီးလူဦးရေ သန်း (၅၀) ကျော်ရှိ မြန်မာနိုင်ငံတွင် လူသန်း (၂၀) နီးပါး ဆင်းရဲနေကြောင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here