ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသည့် CDM ဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူများနှင့်လူငယ်၊လူရွယ်များ ဆက်သွယ်နိုင်မည့်နေရာများအား အသိပေးထုတ်ပြန်

0
192

ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသည့် CDM ဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူများနှင့်လူငယ်၊လူရွယ်များ ဆက်သွယ်နိုင်မည့်နေရာများအား အသိပေးထုတ်ပြန်

 

နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသည့် CDM ဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူများနှင့်လူငယ်၊လူရွယ်များ ဆက်သွယ်နိုင်မည့်နေရာများအား ထပ်မံအသိပေးထုတ်ပြန်ခဲ့သည်။

ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နယ်စပ်ကြိုဆိုရေးစခန်းများ၊နီးစပ်ရာလုံခြုံရေးစခန်းများအပြင် နီးစပ်ရာမြို့နယ်များရှိ မြို့နယ်ကြက်ခြေနီအသင်း၊မြို့နယ်မိခင်နှင့်က လေးစောင့်ရှောက်ရေးအသင်း၊မြို့နယ်အ မျိုးသမီးရေးရာအဖွဲ့တိုသို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

အလားတူ မြို့နယ်လူမှုဝန်ထမ်းရုံးနှင့်လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တရားဝင်အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးထုတ်ပြန်ခဲ့သည်။

ထိုသို့ သတင်းပို့ဆက်သွယ်သူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရန် အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ယင်းသို့ ထုတ်ပြန်ပြီးနောက် တာဝန်မှကင်းကွာနေ သည့် အခြေခံပညာရေးဝန်ထမ်းများအား ပြန် လည်ဖိတ်ခေါ်ခဲ့ရာ ၃၁၅၆ ဦး၊ရေးဖွင့်ထားသည့်အမှုများအား ပိတ်သိမ်းရန်ဆက်သွယ်လာသူ ၁၀၀၉ ဦး၊ PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်သူများအနက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူ ၂၃၁ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား စနစ် တကျလက်ခံ၍ မိဘများထံ ပြန်လည်အပ်နှံပေးခဲ့သဖြင့် ပြန်လည်ဝင်ရောက်လာသူများနှင့် ပြန် လည်ဝင်ရောက်လိုသူများ များပြားလျက်ရှိသည်ဟု ထုတ်ပြန်ချက်၌ ရေးသားထားသည်။

ထို့ကြောင့် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသူများအား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံနိုင်ရန် လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here