ဒေါ်လာဈေး ဂယက်ကြောင့် ဆန်ဈေးနှုန်းမြင့်တက်နေသော်လည်း ပြည်တွင်း၌ ဆန်လုံလောက်မှုရှိသည့် အ တွက် စိုးရိမ်စရာမလိုဟု ဆန်စပါးအသင်း ဥက္ကဋ္ဌပြော

0
274

ဒေါ်လာဈေး ဂယက်ကြောင့် ဆန်ဈေးနှုန်းမြင့်တက်နေသော်လည်း ပြည်တွင်း၌ ဆန်လုံလောက်မှုရှိသည့် အ တွက် စိုးရိမ်စရာမလိုဟု ဆန်စပါးအသင်း ဥက္ကဋ္ဌပြော

ယခု ရက်ပိုင်းအတွင်း ပြည်တွင်း၌ ဒေါ်လာဈေးနှုန်း မတည်ငြိမ်မှု ဂယက်ကြောင့် ပြည်တွင်းဆန်ဈေးကွက်တွင် ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်နေသည်။

ယင်းကဲ့သို့ ဈေးနှုန်းမြင့်တက်နေသည့် ဆန်အမျိုးအစားမှာ တန်းမြင့်ဆန်ဟု ဈေးကွက်အတွင်း သတ်မှတ်သည့် ရွှေဘိုပေါ်ဆန်း အမျိုးအစား ဆန်ဈေးနှုန်းများဖြစ်ပြီး အခြေခံလူထု အသုံးများသည့် ဆန်ကြမ်းအမျိုးအစားမှာ ဈေးတက်ခြင်း မရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ သိရသည်။

” ဒီရက်ပိုင်းမှာ အခြေခံ ပြည်သူတွေ စားနေတဲ့ ဆန်ဈေး နှုန်းတွေက ဒီလောက် သိသိသာသာကြီး တက်တာ မရှိပါဘူး” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိ ပြည်တွင်း ဈေးကွက်အတွင်း တန်းမြင့်ဆန် ရွှေဘို ပေါ်ဆန်း ဈေးနှုန်းတွင် တစ်အိပ်လျင် ၅၀၀၀ ကျပ်မှ ၈၀ ၀၀ ဝန်းကျင်အထိ အစားစားမြင့်တက်လာနေပြီး ယင်းသို့ မြင့်တက်လာရခြင်းမှာ ဒေါ်လာဈေး ဂယက်အပြင် ဈေး ကွက်အတွင်း ဝယ်လိုအား ရောင်းလိုအားအခြေ အနေနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်၊ သွင်းအားစုဈေးနှုန်းများ မြင့်တက်လာခြင်းတို့နှင့်လည်း သက်ဆိုင်ကြောင်း ၎င်းက ဆိုသည်။

” ဆန်ဈေးနှုန်းကတော့ ဈေးကွက်ရဲ့ ဝယ်လိုအား ရောင်းလိုအားရယ် ၊ နောက်တစ်ခါ ထုတ်လုပ်မှုအနေအထားရယ် ဒီအပေါ်မှာ အခြေခံပြီးတော့ ဖြစ်တာပေါ့။ ရွှေဘို ပေါ်ဆန်း တစ်ခုပဲ တစ်အိတ်ကို ၅၀၀၀ တက်တာရှိတယ်။ တချို့အမျိုးအစားလေးတွေဆိုရင် တစ်အိတ်ကို ၇၀၀၀/ ၈၀၀၀ လောက်အထိ တက်သွားတာရှိတယ်။ ဒေါ်လာဈေးတွေ တက်လာတော့ တချို့ကုန်သည်တွေက ဓာတ်မြေဩ ဇာ ဈေးတွေ သွင်းအားစုဈေးတွေပါ လိုက်တက်လာတာဆိုတော့ ဒီအပေါ်မှာမူတည်ပြီး တက်လာတာဖြစ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။

လက်ရှိ ရန်ကုန်ဆန်စျေးကွက်တွင် တန်းမြင့်ဆန်ဟု သတ် မှတ်နိုင်သည့် အမြင့်ဆုံး ရွှေဘိုပေါ်ဆန်း အမျိုးအစားမှာ လက်ရှိတွင် တစ်အိတ်လျှင် ကျပ် ၇၇၀၀၀မှ ၈၀၀၀၀ ဝန်း ကျင်၊ ရိုးရိုးရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၇၄၀၀၀၊ ပုသိမ်ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ကျပ် ၆၃၀၀၀ ဝန်း ကျင်အထိ ဈေးပေါက်နေပြီး နေရာ‌ဒေသအလိုက် ဈေးကွာဟမှုများလည်း ရှိနိုင်သည်။

အခြေခံလူတန်းစားများ အစားများသည့် ဆန်ကြမ်းအ မျိုးအစား ဇီယာရှယ် ဆန်အမျိုးအစားမှာ တစ်အိတ်လျှင် ကျပ် ၃၅၅၀၀ ကျော်၊ ဆင်းသွယ်လတ် တစ်အိပ်လျင် ကျပ် ၄၃၅၀၀ ပေါက်နေကြောင်း ရန်ကုန်ဆန်ဈေးကွက်အတွင်းမှ သိရသည်။

” ဇီယာရှယ်က ၂၀၀၀ ကျော်လောက် တက်တယ်။ ကျန်တဲ့ ဆင်းသွယ်တို့ ဘာတို့လည်း အဲဒီဝန်းကျင်လိုက်တက်တယ်။ အဆိုးဆုံးကတော့ ရွှေဘိုပေါ်ဆန်းပဲ။ ၁၀၀၀၀ ဝန်း ကျင်အထိ တက်ကုန်တာလေ။ကြာရင်ပြည်သူတွေအကုန် ဒုက္ခရောက်ကုန်လိမ့်မယ် ” ဟု ရွှေပြည်သာမြို့နယ်မှ တိုး တိုး ဆန်ရောင်းဝယ်ရေးမှ မတိုးနန္ဒာက ပြောသည်။

လက်ရှိ မြင့်တက်နေသည့် ဈေးနှုန်းများမှာ ယခင်ဈေး နှုန်းများထက် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းဝန်းကျင်အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး တစ်ပြည်လျင် ပျမ်းမျှ ၂၅၀ မှ ၃၀၀ ဝန်းကျင်အထိ မြင့်တက်လာခြင်းဖြစ်သည်။

သို့သော် အခြေခံပြည်သူလူထု စားသုံးမှုများသည့် ဆန် ကြမ်း ဈေးနှုန်းများ သိသိသာသာ မြင့်တက်မှုမရှိသည့်အပြင် ပြည်တွင်း၌ ဆန်လုံလောက်မှု ရှိသည့်အပြင် ပိုလျံမှုပင် ရှိသည့်အတွက် စိုးရိမ်ရမည့် အခြေနေ မဟုတ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here