မြန်မာအလုပ်သမား ၉၃ ဦးအား MoU Zero Cost စနစ်ဖြင့် ယနေ့ထပ်မံစေလွှတ်

0
108

မြန်မာအလုပ်သမား ၉၃ ဦးအား MoU Zero Cost စနစ်ဖြင့် ယနေ့ထပ်မံစေလွှတ်

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာအလုပ်သ မား ၉၃ ဦးအား MoU Zero Cost(အခမဲ့စနစ်)ဖြင့် ကော့သောင်းမြို့မှတဆင့် ဇူလိုင် ၂၂ ရက်(ယနေ့) တွင် ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာအလုပ်သမား အမျိုးသား ၁၃ ဦးနှင့်အမျိုးသမီး ၈၀ ဦးတို့အား ထိုင်း-မြန်မာ နှစ်နိုင်ငံသဘောတူစာချုပ် MoU Zero Cost စနစ်ဖြင့် ကန်ချနဘူရီခရိုင်ရှိ အီလက်ထရောနစ်စက်ရုံများ၌ အ လုပ်လုပ်ကိုင်ရန်စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်း မြန်မာအလုပ်သမားများအား ကော့သောင်း- ရနောင်း ရေလမ်းကြောင်းမှစက်လှေများဖြင့် ပို့ ဆောင်ပေးခဲ့သည်။

MoU Zero Cost စနစ်ဖြင့် မြန်မာအလုပ်သမား ၉၁ ဦးကိုလည်း ဇူလိုင် ၂၁ ရက်က ထိုင်းနိုင်ငံ၊ဆုန်ခလာခရိုင်ရှိ လက်အိတ်စက်ရုံနှင့်ရာဘာအရည်ထုတ်စက်ရုံတို့၌ အလုပ်လုပ်ကိုင်ရန် စေလွှတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် MoU Zero Cost စနစ်ဖြင့်စေလွှတ်ခဲ့သည့် မြန်မာအလုပ်သမား(ယ နေ့စေလွှတ်ခဲ့သူများ အပါအဝင်) ၂၈၂ ဦးရှိပြီဖြစ် ကြောင်း သိရသည်။

Photo-Migrant Time


LEAVE A REPLY

Please enter your comment!
Please enter your name here