မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရဲကင်းအနီးဝန်းကျင်က ရွှေဆိုင် ဓါးပြတိုက်ခံရ

0
391

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ရဲကင်းအနီးဝန်းကျင်က ရွှေဆိုင် ဓါးပြတိုက်ခံရ

မန္တလေးတိုင်းဒေသကြီး ၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း ရှိ ရွှေဆိုင်တစ်ဆိုင်တွင် ယနေ့ ဇူလိုင်လ (၂၄) ရက် မွန်း လွဲပိုင်းက ဓါးပြတိုက်ကာ ရွှေထည်များယူဆောင်သွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ (၂၄) ရက်၊ မွန်းလွဲ (၂) နာရီ ဝန်းကျင်က ပြည်ကြီး တံခွန်မြို့နယ် ၊ (၁၂၅) လမ်း၊(၅၈) လမ်းနှင့် (၅၉) လမ်းကြားက မောသစ် ရွှေဆိုင်အား လက်နက် ကိုင်ဆောင်ထားသူ လူငယ် (၂) ဦးက သေနတ် ပစ်ဖောက်ကာ ဓါးပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဆိုင်ကယ်နဲ့ လူငယ် (၂) ဦးက ဆိုင်ထဲဝင်ပြီး သေနတ်နဲ့ ဓါးပြတိုက်တာ ။ (၃/၄) ချက်လောက် ပစ်တယ်။ မှန်ပုံးကို ခွဲပြီး အထဲက ပစ္စည်းတွေ ယူသွားတယ်။ ရှေ့နားမှာ ရဲ ကင်း ရှိတယ်” ဟု မန္တလေးမြို့မှ ဒေသခံတစ်ဦးက ပေါ် ပြူလာကို ပြောသည်။

အဆိုပါ ဓါးပြတိုက်မှု ဖြစ်ပွားသည့် ရွှေဆိုင်နှင့် မလှမ်းမ ကမ်းတွင် လုံခြုရေးယူနေသည့် ရဲကင်းစခန်းရှိပြီး လက် ရှိတွင် ဓါးပြတိုက်ခံရသည့် ရွှေဆိုင်သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိစစ်ဆေးနေကြောင်း သိရသည်။

ဓါးပြတိုက်သူများ၏ ပစ်ခတ်မှုကြောင့် ဆိုင်ဝန်ထမ်းတစ်ဦး ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ပြီးရွှေ တပိဿာဝန်းကျင်နှင့် ငွေသားအချို့ယူ‌ဆောင်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ပြည်ကြီးတံခွန်မြို့ နယ်အတွင်းရှိ KBZ  ဘဏ်ခွဲ တစ်ခုတွင် ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး ငွေကျပ် သိန်း ၁၀၀၀ ကျော် ပါသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ (၂၃) ရက် ညနေပိုင်းကလည်း မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မြေပွာစား လင်မယားနှစ်ဦးထံက သေနတ်ပြ ဓါးပြတိုက်ကာ ဖုန်းနှင့် ငွေများ ယူဆောင်သွားမှုတစ်ခု ဖြစ်ပွားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here