နေပြည်တော်ရှိ အလယ်ပေါင်းလောင်းစီမံကိန်းတွင် ၁၆၆ မဂ္ဂါဝပ်ထပ်မံထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိ

0
169

နေပြည်တော်ရှိ အလယ်ပေါင်းလောင်းစီမံကိန်းတွင် ၁၆၆ မဂ္ဂါဝပ်ထပ်မံထုတ်လုပ်ရန် ဆောင်ရွက်လျက်ရှိ

နေပြည်တော်ရှိ အထက်ပေါင်းလောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ၏ ဓာတ်အားထုတ် လုပ်မောင်းနှင်နေမှုကို လျှပ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ ဇူလိုင် ၂၃ ရက်ကသွားရောက်ကြည့်ရှုစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

“အထက်ပေါင်းလောင်းမှာ မဂ္ဂါဝပ် ၁၄၀ နန်ချိုမှာ မဂ္ဂါဝပ် ၄၀ နဲ့အောက်ပေါင်းလောင်းမှာ မဂ္ဂါဝပ် ၂၈၀ တို့ကို အဆင့်ဆင့်ထုတ်လုပ်နိုင်ဖို့ ဆောင် ရွက်နေသလို အလယ်ပေါင်းလောင်းစီမံကိန်းမှာ ၁၆၆ မဂ္ဂါဝပ်ကို ထပ်မံထုတ်လုပ်နိုင်ဖို့ Hydromatrix အနိမ့်တမံစနစ်နဲ့လည်း ထပ်ပြီးထုတ်လုပ်နိုင်ဖို့ဆောင်ရွက်နေပါတယ်”ဟု ပြည် ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။


အလားတူ ဒုဌဝတီမြစ်ဝှမ်း၌ အထက်ရဲရွာစီမံ ကိန်းမဂ္ဂါဝပ် ၂၈၀၊ ရဲရွာစီမံကိန်း မဂ္ဂါဝပ် ၇၉၀ တို့ကိုလည်း အဆင့်ဆင့်ထုတ်လုပ်လျက်ရှိကာ နမ္မတူသီပေါစီမံကိန်း  မဂ္ဂါဝပ် ၂၁၀ ၊ အလယ်ရဲရွာစီမံ ကိန်း ၇၃၅ မဂ္ဂါဝပ်နှင့်ဒီးဒုတ်စီမံကိန်း မဂ္ဂါဝပ် ၆၀ တို့ကိုလည်း ထပ်မံထုတ်လုပ်ရန်ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

ထို့အတူ ယခင်က ဖြစ်မြောက်နိုင်စွမ်းတိုင်းတာပြီး ဆွေးနွေးနေဆဲဖြစ်သည့် သံလွင်မြစ်ဝှမ်းစီမံကိန်းများ၊ဧရာဝတီမြစ်ဝှမ်းစီမံကိန်းများအား ဆက် လက်အကာင်အထည်ဖော်သွားမည်ဟုပြော သည်။


“ဓာတ်အားပေးစက်ရုံတွေဟာ နိုင်ငံအတွက် အရေးကြီးတဲ့ စက်ရုံကြီးတွေဖြစစ်တဲ့အတွက် စက်ရုံရေရှည်တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းဆောင်ရွက်သွားကြဖို့နဲ့လုံခြုံရေးကိုအထူးဂရုပြုဆောင်ရွက်သွားရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

ထို့နောက် ဓာတ်အားထိန်းချုပ်ခန်းအတွင်း နိုင်ငံ တော်ဓာတ်အားစနစ်သို့ချိတ်ဆက်ပြီး လျှပ်စစ် ဓာတ်အားများထုတ်လုပ်ပေးနေမှု၊တာဘိုင်ခန်းအတွင်းစက်များမောင်းနှင်နေမှု၊ရေလှောင်တမံအတွင်းရေဝင်ရောက်မှု၊ရေသိုလှောင်ထားရှိမှု၊ရေယူအဆောက်အအုံ၊ရေပိုလွှဲနှင့် RCC ကွန်ကရစ်တမံကြံ့ခိုင်မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here