မြစ်ကြီးနားမြို့ရှိ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်(ဟောင်း)နှင့်ပြည်သူလွှတ်တော်ကိုယ်စား လှယ်(ဟောင်း)တို့၏ နေအိမ်များယာယီချိတ်ပိတ်ခံရ

0
196

မြစ်ကြီးနားမြို့ရှိ အမျိုးသားလွှတ်တော်ကိုယ်စား လှယ်(ဟောင်း)နှင့်ပြည်သူလွှတ်တော်ကိုယ်စား လှယ်(ဟောင်း)တို့၏ နေအိမ်များယာယီချိတ်ပိတ်ခံရ 

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(ဟောင်း)ဦးအင်ထုံခါးနော်ဆန့်နှင့်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (ဟောင်း)ဒေါ်ကေရွယ်အောင်တို့၏ နေအိမ်များ သည် ဇူလိုင် ၂၂ ရက်နံနက်ပိုင်းက ယာယီချိတ်ပိတ်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့နံနကိ ၁၀ နာရီခန့်က လုံခြုံရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက လာရောက်ချိတ်ပိတ်ခဲ့ခြင်းဖြစ်ကာ ယာယီချိတ်ပိတ်ကြောင်းရေးသားထားသည့် ဗီနိုင်းများကပ်ထားခဲ့သည်ဟု သိရသည်။

စီတာပူရပ်ကွက်ရှိ အမျိုးသားလွှတ်တော်ကိုယ် စားလှယ်(ဟောင်း)ဦးအင်ထုံခါးနော်ဆန့် ၏နေ အိမ်နှင့်ယုဇနရပ်ကွက်ရှိ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်(ဟောင်း)ဒေါ်ကေရွယ်အောင်တို့၏ နေ အိမ်များအား ယာယီချိတ်ပိတ်ရခြင်းမှာ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)အရ ဖြစ်ကြောင်း သိရသည်။

နေအိမ် ၂ လုံးအားယာယီချိတ်ပိတ်ကြောင်း ကပ် ထားသည့် ဗီနိုင်းတွင် “မြစ်ကြီးနားမြို့မရဲစခန်း (ပ)၇၆/၂၀၂၂ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ ဒေပုဒ်မ ၅၂(က)အရ ယာယီသိမ်းဆည်းထား သည်။ဝင်ရောက်ကျူးကျော်ခြင်း၊ ပြောင်းလဲခြင်း၊ လွှဲပြောင်းခြင်း၊ ဖျောက်ဖျက်ခြင်းများပြုပါက ဥပဒေအရအရေးယူခြင်းခံရမည်”ဟုရေးသားထားသည်။

ထိုသို့ ယာယီချိတ်ပိတ်ခြင်းမပြုမီရက်ပိုင်းအလိုကပင် နေအိမ်များအားချိတ်ပိတ်မည်ဖြစ်၍ ပ စ္စည်းများအားရွှေ့ပြောင်းထားရန် လုံခြုံရေးအဖွဲ့ဝင်များက ကြိုတင်အကြောင်းကြားထားခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here