မူဆယ်တွင် ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့် လက်နက်ကိုင်အ ဖွဲ့တစ်ဖွဲ့ အပြန်အလှန်ပစ်ခတ်ကြရာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး သေဆုံး

0
229

မူဆယ်တွင် ပန်ဆေးပြည်သူ့စစ်အဖွဲ့နှင့် လက်နက်ကိုင်အ ဖွဲ့တစ်ဖွဲ့ အပြန်အလှန်ပစ်ခတ်ကြရာမှ ဟိုတယ်ဝန်ထမ်းတစ်ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း  မူဆယ်မြို့ရှိ ဟိုတယ် တစ်ခုတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ဟိုတယ်ဝန်ထမ်း တစ်ဦး သေဆုံးကာ (၂) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

မူဆယ်မြို့၊ စွမ်စော် ရပ်ကွက်ရှိ ဆင်းဟော့ ဟိုတယ်တွင် ဇူလိုင်လ (၂၄) ရက် နံနက်စောပိုင်း (၃) နာရီဝန်းကျင်က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


အဆိုပါ ဟိုတယ်တွင် တည်းခိုနေသည့် ပန်ဆေးပြည်သူ့ စစ်အဖွဲ့အား အမည်မသိ လက်နက်ကိုင်အဖွဲ့က လက်နက် ကြီး လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ် ပြီး နာရီဝက်ဝန်းကျင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ် ပွားကာ ဟိုတယ်ဝန်ထမ်း အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

” မူဆယ်မှာက ဒါမျိုးတွေ မကြာခဏ ဖြစ်နေတာပဲ။ ဒါ ပေမဲ့ အခုလောက် အချိန်ကြာကြာ အပြန်အလှန် ပစ်တာမျိုးတော့ မတွေ့မိဘူး။ ပန်ဆေးအဖွဲ့နဲ့က ခုလိုပဲ ခဏခဏ ပစ်ကြတယ်” ဟု မူဆယ်မြို့ခံ ဒေသခံတစ်ဦးက ပြော သည်။

ထိခိုက်ဒဏ်ရာရခဲ့သည့် ဟိုတယ် ဝန်ထမ်းများအား ဆေး ရုံသို့ ပို့ဆောင်စဉ် အသက် (၄၀) ဝန်းကျင်ရှိ ယာဉ်မောင်း အားရှောင်ဆိုသူမှာ RPG ကျည်စ ထိမှန် ဒဏ်ရာဖြင့် သေ ဆုံးသွားပြီး ဟိုတယ် ဝန်ထမ်း အမျိုးသမီး(၂) ဦးမှာ ဆေး ကုသမှု ခံယူနေရကြောင်း သိရသည်။


အဆိုပါ ပစ်ခတ်မှုကြောင့် ဟိုတယ် ဝန်ထမ်းများ နေထိုင်သည့် အခန်း တစ်ခန်း မီးလောက် ပျက်ဆီးသွားပြီးအခန်းအတွင်းရှိ အသုံးအဆောင် ပစ္စည်းအချို့ မီးလောင် ပျက်ဆီးခဲ့ကြောင်း သိရသည်။

ပန်ဆေး ပြည်သူ့စစ်သည် ဦးကျော်မြင့် ဦးဆောင်သည့် ဌာနေပြည်သူ့စစ်အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး ယင်းဒေသအတွင်း အခြေချသည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့များနှင့်မကြာ ခဏ ထိတွေ့မှုများဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here