၅၄ ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ ခိုင်မှုပြိုင်ပွဲ၌ မြန်မာ အားကစားအဖွဲ့မှရွှေတံဆိပ်နှင့်ငွေတံဆိပ်ဆုများ ဆွတ်ခူးခဲ့

0
94

၅၄ ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ ခိုင်မှုပြိုင်ပွဲ၌ မြန်မာ အားကစားအဖွဲ့မှရွှေတံဆိပ်နှင့်ငွေတံဆိပ်ဆုများ ဆွတ်ခူးခဲ့

မော်လ်ဒိုက်၌ ဇူလိုင် ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပခဲ့သည့် ၅၄ ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုချန်ပီယံရှစ်ပြိုင်ပွဲအားမြန်မာနိုင်ငံကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားအဖွဲ့ချူပ်မှ အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၃ ဦးတို့ဝင်ရောက်ယှဥ်ပြိုငိခဲ့ကြသည်။

ထိုသို့ ဝင်ရောက်ယှဥ်ပြိုင်ရာ မအေးသန္တာခိုင်မှ အမျိူးသမီး Model Physique(အသက် ၄၀ နှစ်အ ထက်)ပြိုင်ပွဲ၌ ရွှေတံဆိပ်ဆု၊ ကိုရဲထွန်းနောင်မှ အမျိူးသား(၇၀)ကီလိုတန်းမောင်ပြိုင်ပွဲ၌ ငွေတံဆိပ်ဆုများ ရရှိခဲ့သည်။

အလားတူ မမီမီကျော်နိုင်မှ အမျိူးသမီး Model Physique (၁၆၀ စင်တီမီတာအောက်)ပြိုင်ပွဲ၌ အဆင့်(၄)၊ မဝတ်ရည်ဖြိုးမှ အမျိူးသမီး Model Physique (Women Athletic Physique)ပြိုင်ပွဲ၌ အဆင့်(၄)၊ ကိုခင်မောင်ကျော်မှ အမျိုးသား(၈၀) ကီလိုတန်း မောင်ပြိုင်ပွဲ၌ အဆင့်(၄)၊ ကိုကျော်မင်းသန်းက အမျိုးသား (၅၅)ကီလိုတန်း မောင်ပြိုင်ပွဲ၌ အဆင့်(၅) အသီးသီးရရှိခဲ့ကြောင်း သိရသည်။

၅၄ ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုချန်ပီယံရှစ်ပြိုင်ပွဲအားဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် မြန်မာအားကစားအဖွဲ့သည် ဇူလိုင် ၂၄ ရက်(ယနေ့)နံနက် ၁၀ နာရီခွဲက ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့သည်။

ရန်ကုန်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာသည့် မြန်မာအားကစားအဖွဲ့အား ရန်ကုန်မြို့တော်စည် ပင် ဥက္ကဋ္ဌဦးဗိုလ်ဌေး၊ရန်ကုန်တိုင်းအားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ဥပဒေချူပ်ဦးဌေးအောင်နှင့်တာဝန်ရှိသူများ၊ပြည်သူများက ကြိုဆိုခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here