ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး၌ လာရောက်ပြသမည့်သူများအား အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် လက်ခံကုသပေးရန် စမ်းသပ်ဆောင်ရွက်

0
263

ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး၌ လာရောက်ပြသမည့်သူများအား အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် လက်ခံကုသပေးရန် စမ်းသပ်ဆောင်ရွက်

ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး၌ လာရောက်ပြသမည့်လူနာများအနေဖြင့် အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် စာရင်းပေးသွင်းထားသူများအား လက် ခံကုသပေးသွားရန် စမ်းသပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိအချိန်၌ ကိုဗစ်(၁၉)ရောဂါပြန်လည်ဖြစ် ပွားလာသဖြင့် ရန်ကုန်မျက်စိဆေးရုံကြီးတွင် လာရောက်ပြသသူများအား အွန်လိုင်းဘွတ်ကင်စနစ်ဖြင့် လက်ခံကုသပေးသွားရန်ဆောင်ရွက်ခြင်းဖြစ်ကာ အွန်လိုင်းဘွတ်ကင်ယူထားသူများ၊ရက်ချိန်း ပေးထားသည့်လူနာများနှင့်အရေးပေါ်လူနာများအား လက်ခံကုသပေးသွားမည်ဖြစ်သည်။

ထို့ကြောင့် အွန်လိုင်းဘွတ်ကင်ပြုလုပ်လိုသူများသည် ရန်ကုန်မျက်စိအထူးကုဆေးရုံကြီး ဖုန်း-၀၉ ၄၀၈၆၀၉၉၇၇ သို့ ရုံးချိန်အတွင်း နံနက် ၈ နာရီမှညနေ ၄ နာရီအထိ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

အွန်လိုင်းဘွတ်ကင်စနစ်ပြုလုပ်ခြင်းမှာ စမ်းသပ်ကာလဖြစ်၍ အွန်လိုင်းဘွတ်ကင်ယူထားသူများအား ဦးစားပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ဘွတ်ကင်စနစ် မသိရှိသေးသူများအား သိရှိကုသပေးနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here