ရန်ကုန်-ပြည်အမြန်ရထားပြေးဆွဲမှုယာယီရပ်နား

0
354

ရန်ကုန်-ပြည်အမြန်ရထားပြေးဆွဲမှုယာယီရပ်နား

ပဲခူးတိုင်း၊သဲကုန်းမြို့နယ်အတွင်းရှိ သဲကုန်းဘူတာနှင့်ဆင်မြီးဆွဲဘူတာကြားတွင် ရထားလမ်းရေတိုက်စားကာ အပေါက်များဖြစ်ပွားလျက်ရှိသဖြင့် ရန်ကုန်-ပြည် အမြန်ရထားပြေးဆွဲမှုအား ယာယီရပ်နားခဲ့သည်။

ရန်ကုန်-ပြည် ရထားလမ်းပိုင်း၏ မိုင်တိုင်အမှတ် ၁၄၃/၈ နှင့် ၁၄၃/၁၃ ကြားတွင် ပြီးခဲ့သည့်ရက် ပိုင်းအတွင်းက မိုးသည်းထန်စွာရွာသွန်း၍ ရထားလမ်းအားရေတိုက်စားကာ ၂၄ နေရာခန့်အပေါက်များဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထို့ကြောင့် ပြည်ဘူတာမှရန်ကုန်ဘူတာကြီးသို့ထွက်ခွာမည့်အမှတ် ၇၂ အစုန်အမြန်ရထားနှင့်အမှတ် ၆၄ အစုန် စာပို့ရထားတို့အား ပြေးဆွဲခြင်းမရှိတော့ဘဲ ယာယီရပ်နားခဲ့ရကြောင်း သိရသည်။

အလားတူ ရန်ကုန်ဘူတာကြီးမှပြည်ဘူတာသို့ ထွက်ခွာမည့် အမှတ် ၆၃ အဆန်စာပို့ရထားသည် သဲကုန်းဘူတာအထိသာပြေးဆွဲပေးနိုင်ခဲ့ပြီး အ မှတ် ၇၁ အဆန် ရန်ကုန်-ပြည် အမြန်ရထားခရီးစဥ်ကိုလည်း ယာယီရပ်နားခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ယာယီရပ်နားခဲ့ရသည့် ရထားခရီးစဥ်များအား အမြန်ဆုံးပြန်လည်ပြေးဆွဲနိုင်ရန် အ ပေါက်များဖြစ်ပွားခဲ့သည့် နေရာများအား မြန်မာ့မီးထားမှ တာဝန်ရှိသူများကပြင်ဆင်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here