Kaung For You ပညာသင်ကြားမှုအစီအစဉ်တွင်ပါဝင်ခဲ့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသည့် ဆရာ၊ဆရာမများဩဂုတ်လ ( ၇ )ရက်နေ့နောက်ဆုံးထားဆက်သွယ်နိုင်ပြီး အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အာမခံချက်ပေးသွားမည်ဟု နစက ထုတ်ပြန်ဖိတ်ခေါ်

0
189

Kaung For You ပညာသင်ကြားမှုအစီအစဉ်တွင်ပါဝင်ခဲ့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသည့် ဆရာ၊ဆရာမများဩဂုတ်လ ( ၇ )ရက်နေ့နောက်ဆုံးထားဆက်သွယ်နိုင်ပြီး အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အာမခံချက်ပေးသွားမည်ဟု နစက ထုတ်ပြန်ဖိတ်ခေါ်

နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ Kaung For You ပညာသင်ကြားမှုအစီအစဥ်၌ ကျောင်းအုပ်ကြီးအဖြစ်တာဝန်ယူထားသူ ကိုကောင်းသိုက်စိုး၊ကိုဝင်းဗိုလ်(ခ)ဘိုဘိုနှင့်ကိုသန့် စင်ထိုက်တို့အား ဇူလိုင် ၁၃ ရက်က ရှမ်းပြည်နယ်၊အောင်ပန်းမြို့နယ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ Kaung For You Federal Private School အစီအ စဉ်တွင်ပါဝင်သည့် ဆရာ၊ဆရာမများ၊ ငွေကြေးထောက်ပံ့မှုများ၊ပူးပေါင်းပါဝင်နေသည့် အဖွဲ့အ စည်းများ၏ စာရင်းအသေးစိတ်အား ရရှိပြီးဖြစ် သည်ဟု နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

ထို့ပြင် Kaung For You ပညာသင်ကြားမှုအစီအ စဉ်အား ဦးဆောင်ခဲ့သူများ၊လူငယ်များအား လမ်း မှားရောက်စေရန်တွန်းပို့ခဲ့သူများမှအပ  ကျောင်းသား၊ကျောင်း သူများနှင့်မိဘများအား အရေးယူမှုပြုလုပ်သွားမည်မဟုတ်ကြောင်းအား သတင်းများ၊ဆက်သွယ်မေးမြန်းမှုများမှတဆင့် ပြန်လည်အသိပေးဖြေ ကြားခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် Kaung For You အစီအ စဉ်တွင်ပါဝင်ခဲ့သည့် ဆရာ၊ဆရာမများအနက် အ ချို့ ဆရာ၊ဆရာမများမှ အေးချမ်းစွာနေထိုင်လိုသဖြင့် ပြန်လည်ဆက်သွယ်လာမှုများရှိသဖြင့် သ တင်းပို့ဆက်သွယ်လာသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝ၌ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အာမခံချက်ပေးသွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လိုသည့် ဆရာ၊ဆရာမများအား နစက မှပြန်လည်လက်ခံပေးသွားမည်ဖြစ်၍ သြဂုတ် ၇ ရက်နောက်ဆုံးထားကာ သက်ဆိုင်ရာ မြို့နယ်များရှိ စီမံအုပ်ချုပ်ရေးကောင်စီရုံးများသို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း နစက ၏သတင်စထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here