၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ GIS စနစ်အ တွက် အိန္ဒိယနိုင်ငံမှအကြံပေးပုဂ္ဂိုလ်အား ကာလတိုငှားရမ်းသွားမည်

0
289

၂၀၂၄ ခုနှစ် လူဦးရေသန်းခေါင်စာရင်းကောက် ယူခြင်းလုပ်ငန်းဆောင်ရွက်ရာ၌ GIS စနစ်အ တွက် အိန္ဒိယနိုင်ငံမှအကြံပေးပုဂ္ဂိုလ်အား ကာလတိုငှားရမ်းသွားမည်

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီ မှမြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး Mr. Vinay Kumar အား ဇူလိုင် ၂၅ ရက်နံနက် ၉ နာရီက နေပြည် တော်၌ လက်ခံတွေ့ဆုံစဥ်ပြောကြားခဲ့ခြင်းဖြစ် သည်။

ထိုသို့ တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးဦးခင်ရှိမှ ဝန်ကြီးဌာနအနေဖြင့် e-ID စနစ်လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းဆောင် ရွက်နေမှု၊ ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေသန်းခေါင်စာရင်းကောက်ယူနိုင်ရေးစီ စဉ်ဆောင်ရွက်နေမှု၊မြန်မာနိုင်ငံတွင် e-Government စနစ် အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုအခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ယခင်က မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံ ရုံး၏ ပံ့ပိုးကူညီမှုဖြင့် e-ID ဆိုင်ရာအလုပ်ရုံဆွေး နွေးပွဲများကျင်းပခဲ့ပြီး နည်းပညာဆိုင်ရာ အကြံ ပေးပုဂ္ဂိုလ်များ ခန့်ထားဆောင်ရွက်ပေးလျက်ရှိကာ e-ID စနစ် အကောင်အထည်ဖော်ရာတွင် မြန် မာနိုင်ငံမှ နည်းပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ်များ၌ အတွေ့အကြုံရှိပြီးဖြစ်သည့် အိန္ဒိယနိုင်ငံမှ နည်းပညာဆိုင်ရာကျွမ်းကျင်ပညာရှင်အား ကာလတိုငှားရမ်းအသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် ၂၀၂၄ ခုနှစ် လူ ဦးရေသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းဆောင်ရွက်ရာ၌ GIS စနစ်အတွက် အိန္ဒိယနိုင်ငံမှ အကြံပေးပုဂ္ဂိုလ်များအား ကာလတိုငှားရမ်းအ သုံးပြုနိုင်ရန်အတွက် အကူအညီပေးနိုင်ရေးတို့ကိုလည်း ပြည်ထောင်စုဝန်ကြီးဦးခင်ရီကဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် အိန္ဒိယနိုင်ငံမှ မိမိတို့ဌာနလုပ်ငန်းများအ တွက်လိုအပ်သည့် ကျွမ်းကျင်ပညာရှင်နှင့်အကြံ ပေးပုဂ္ဂိုလ်များအား ကူညီဆောင်ရွက်ပေးနိုင်ရေးနှင့်လုပ်ငန်းဆိုင်ရာအကြံဉာဏ်များ ပံ့ပိုးကူညီပေးနိုင်ရေးတို့ကိုလည်း ဆွေးနွေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here