ပေါင်မြို့တွင် တစ်သောင်းကျပ်တန်ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲသူ ၂ ဦးအားအမှုဖွင့်အရေးယူ

0
231

ပေါင်မြို့တွင် တစ်သောင်းကျပ်တန်ငွေစက္ကူအတုများ ကိုင်ဆောင်သုံးစွဲသူ ၂ ဦးအားအမှုဖွင့်အရေးယူ

မွန်ပြည်နယ်၊ပေါင်မြို့၊ကဒါရပ်ကွက်တွင် ငွေစက္ကူအတုများကိုင်ဆောင်သုံးစွဲနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များ ဇူလိုင် ၂၆ ရက်ညပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကဒါရပ်ကွက်နေ မောင်ရွှေ(ခ)တာနစူး(၃၀)နှစ်သည် တစ်သောင်းကျပ်တန်ငွေစက္ကူအတုများသုံးစွဲနေသည့် သတင်းအရ ယင်းနေ့ည ၁၀ နာရီကျော်တွင် ၎င်း၏နေအိမ်အားဝင်ရောက်ရှာဖွေခဲ့ကြသည်။

ထိုသို့ ရှာဖွေရာ ခြံဝင်းအတွင်းရှိ ခရေပင်အရင်းတွင် ကြွတ်ကြွတ်အိတ်အမဲရောင်နဲ့ထုတ်ပိုးထားသည့် တစ်သောင်းကျပ်တန် ငွေစက္ကူအတု ၇၄ ရွက်အား သိမ်းဆီးရမိခဲ့သည်။

ထို့ပြင် အိမ်ချင်းကပ်နေသည့် မလှလှရီ(ခ)မသာကေစူး အားရှာဖွေရာ ၎င်းထံမှ တစ်သောင်းကျပ်တန်ငွေစက္ကူအတု ၉ ရွက်အား ထပ်မံသိမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ငွေစက္ကူအတုများကိုင်ဆောင်သုံးစွဲသူ ၂ ဦးအား ပေါင်မြို့မရဲစခန်းမှ (ပ)၁၆၀/၂၀၂၂ မြန်မာနိုင်ငံဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅/၁၀၆အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here