မှော်ဘီမြို့နယ်၌ ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်သူအား ကားဖြင့်တိုက်၍ဖမ်းဆီးခဲ့

0
290

မှော်ဘီမြို့နယ်၌ ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်သူအား ကားဖြင့်တိုက်၍ဖမ်းဆီးခဲ့

ရန်ကုန်တိုင်း၊မှော်ဘီမြို့နယ်၊အမှတ်(၄)လမ်းမကြီး၊အင်းသုံးလုံးအမှတ်(၂)တံတားအနီးတွင် ဇူလိုင် ၂၇ ရက်(ယနေ့)နံနက် ၁၁ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြို့မလူမှုကူညီရေးအသင်း(မှော်ဘီမြို့)မှ သိရသည်။

ဖြစ်စဥ်တွင် သာယာကုန်းကျေးရွာနေ အမျိုးသားတစ်ဦးသည် မှော်ဘီမြို့ဘက်မှသာယာကုန်းကျေး ရွာဘက်သို့ ဆိုင်ကယ်ဖြင့်ပြန်လာစဥ် အခင်းဖြစ်နေရာအရောက် အမည်မသိအမျိုးသား ၂ ဦးမှတားဆီး၍ ဆိုင်ကယ်မောင်းလာသူအား ဓားဖြင့်ထိုး၍ ဆိုင်ကယ်အားလုယက်ယူဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား ဖြတ်သန်းသွားသည့် ကိုယ်ပိုင် ကားတစ်စီးမှတွေ့မြင်ခဲ့သဖြင့် ဓားဖြင့်ထိုးသူမှဆိုင်ကယ်အားမောင်းနှင်ယူဆောင်သွားမည့်အ ချိန်တွင် ကားဖြင့်တိုက်၍တားဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားမှုအား သတင်းရရှိခဲ့သဖြင့် မြို့မလူမှုကူညီရေးအသင်း(မှော်ဘီမြို့)မှ ဓားဖြင့်ထိုးခံရသည့် အမျိုးသား၊ ဆိုင်ကယ်လုယက်သဖြင့် ကားဖြင့်တိုက်၍ ဖမ်းဆီးရမိသူတို့အား မှော်ဘီမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ ဆောင်ပေးခဲ့ကြောင်း သိရသည်။

Photo-မြို့မလူမှုကူညီရေးအသင်း(မှော်ဘီမြို့)

 


LEAVE A REPLY

Please enter your comment!
Please enter your name here