ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦးသေဆုံး

0
179

ဖားကန့်မြို့နယ်၌ မြေစာပုံပြိုကျ၍ ရေမဆေးကျောက်ရှာဖွေသူ ၂ ဦးသေဆုံး

ကချင်ပြည်နယ်၊ဖားကန့်မြို့နယ်၊မိုးကာကျေးရွာအနီးရှိ မြေစာပုံသည် ဇူလိုင် ၂၇ ရက်(ယနေ့)နံနက်ပိုင်းက ပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာဖွေသူ အမျိုးသား ၂ ဦးသေဆုံးခဲ့သည်ဟု သင်္ခါလူမှုကူညီရေးအသင်း(ဆိပ်မူ)မှ သိရသည်။

ယနေ့နံနက် ၉ နာရီကျော်ခန့်က ရေကန်ကမ်းပါးပေါ်၌ ကျောက်တူးနေစဥ် မြေစာပုံပြိုကျခဲ့ခြင်းဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူ ၂ ဦးမှာ ကန်အတွင်းသို့ မြေစာများနှင့်အတူပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လူမှုကူညီရေးအသင်းများမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသဖြင့် နေ့လည် ၁ နာရီခန့်တွင် ပြုတ်ကျသွားသည့် အ မျိုးသား ၂ ဦး၏ ရုပ်အလောင်းများအား ပြန် လည်ဆယ်ယူနိုင်ခဲ့သည်ဟု သိရသည်။

ထိုသို့ ပြန်လည်ဆယ်ယူနိုင်ခဲ့သဖြင့် သေဆုံးသူ ၂ ဦး၏ ရုပ်အလောင်းများအား ၎င်းတို့၏ မိသားစုဝင်များထံသို့ လူမှုကူညီရေးအသင်းဝင်များမှ ပြန် လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစာပုံပြိုကျရာမှ ရေကန်အတွင်းပြုတ်ကျသေဆုံးသွားသည့် အမျိုးသား ၂ ဦးသည် ဆိုင်းတောင်ရပ်ကွက်(၃)နေ မောင်နော့နော်(၁၇) နှစ်နှင့်မိုးကာကျေးရွာနေ ကိုဇီးတန်(၃၀)နှစ်တို့ဖြစ်ကြောင်း သိရသည်။

Photo-သင်္ခါလူမှုကူညီရေးအသင်း(ဆိပ်မူ)

 


LEAVE A REPLY

Please enter your comment!
Please enter your name here