အိန္ဒိယနိုင်ငံ၌ကျင်းပမည့် ၄၄ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ အသက် ၁၂ နှစ်အရွယ် ရှိ မလှဇဗ္ဗူမှ မြန်မာနိုင်ငံကိုယ်စားပြုယှဥ်ပြိုင်

0
211

အိန္ဒိယနိုင်ငံ၌ကျင်းပမည့် ၄၄ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ အသက် ၁၂ နှစ်အရွယ် ရှိ မလှဇဗ္ဗူမှ မြန်မာနိုင်ငံကိုယ်စားပြုယှဥ်ပြိုင်

အိန္ဒိယနိုင်ငံ၊ချင်းနိုင်မြို့တွင် ဇူလိုင် ၂၈ ရက်(ယ နေ့)မှ သြဂုတ် ၁၀ ရက်အထိ ကျင်းပလျက်ရှိသည့် ၄၄ ကြိမ်မြောက် ကမ္ဘာ့စစ်တုရင်အိုလံပစ်ပြိုင်ပွဲ၌ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မြန်မာအမျိုးသမီးစစ်တုရင်အသင်းမှ အသက်(၁၂)နှစ်အရွယ်ရှိ မလှဇဗ္ဗူမှဝင်ရောက်ယှဥ်ပြိုင်လျက်ရှိသည်။

မြန်မာအမျိုးသမီးစစ်တုရင်အသင်းမှ အဆိုပါ ပြိုင်ပွဲအားပထမဆုံးအကြိမ်အဖြစ် ဝင်ရောက်ယှဥ်ပြိုင်ခြင်းဖြစ်ကာ မလှဇဗ္ဗူ နှင့်အတူ မိခင်ဖြစ်သူအပါအဝင် အုပ်ချုပ်သူနည်းပြများလည်း ပါဝင်ကာ ဇူလိုင် ၂၆ ရက်က ရန်ကုန်လေဆိပ်မှတဆင့် ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။


အင်္ဂလိပ်ဘာသာစကားနှင့်တရုတ်ဘာသာစကားအား ကျွမ်းကျင်စွာပြောဆိုနိုင်ကာ စပိန်နှင့်ကိုရီးယားဘာစာစကားတို့အား လေ့လာလျက်ရှိသည့် မလှဇဗ္ဗူသည် စစ်တုရင်အားကစားနည်းအား M July Chess Class ၌သင်ကြားခဲ့ပြီး စစ်တုရင်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်လေ့ကျင့်ခဲ့သူ တစ်ဦးဖြစ်သည်။

ထို့ပြင် နိုင်ငံတကာစစ်တုရင်ပြိုင်ပွဲများကျင်းပရန် ဖိတ်ခေါ်မှုများပြုလုပ်ချိန်၌ Myanmar Online Chess Academy မှ Online , Offline တို့ဖြင့် စစ် တုရင်သင်တန်းများထပ်မံတက်ရောက်၍ လေ့ လာသင်ကြားခဲ့သည်။

အလားတူ နိုင်ငံတကာပြိုင်ပွဲများ၌ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန်လည်း စစ်တုရင်ပညာရှင်များက အ နီးကပ်လေ့ကျင့်သင်ကြားပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here