ကိုဗစ်နောက်ဆက်တွဲ အနံ့အရသာအာရုံကြာရှည် ဆုံးရှုံးနိုင်

0
218

ကိုဗစ်နောက်ဆက်တွဲ အနံ့အရသာအာရုံကြာရှည် ဆုံးရှုံးနိုင်

 

ပါရီ၊ဇူလိုင် ၂၈

ကိုဗစ်ကူးစက်ခံထားရသူ ၅ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏အနံ့ခံအာရုံ သို့မဟုတ် အရသာနှင့်ပတ်သက်၍ ပြဿနာများရှိလာကြောင်း လေ့လာမှုတစ်ခုက ကြာသပတေးနေ့ (ဇူလိုင် ၂၈ ရက်) တွင် ပြောကြားခဲ့သည်။

အနံ့ခံအာရုံပျောက်ခြင်းသည် ကပ်ရောဂါအစောပိုင်းကာလကတည်းက ကိုဗစ်၏ အမှတ်အသားတစ်ခုဖြစ်သော်လည်းထိုလက္ခဏာများ မည်မျှဖြစ်သည်သို့မဟုတ် မည်မျှကြာရှည်နိုင်သည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပေ။

ထိုအချက်ကိုရှာဖွေနိုင်ရန် သုတေသီများသည် လူနာ ၃,၇၀၀ ပါဝင်သော ယခင်လေ့လာမှု ၁၈ ခု၏ တွေ့ရှိချက်များကို ခွဲခြမ်းစိတ်ဖြာလေ့လာခဲ့သည်။

ဗြိတိသျှဆေးဂျာနယ် (BMJ) တွင် ဖေါ်ပြထားသည့် လေ့လာမှုအသစ်တစ်ခုအရ ဗိုင်းရပ်စ်ကူးစက်ခံရပြီး ခြောက်လအကြာတွင် လူနာများ၏ ၄ ရာခိုင်နှုန်းသည် ၎င်းတို့၏ အနံ့ခံအာရုံပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ၂ ရာခိုင်နှုန်းသည် အရသာခံနိုင်စွမ်း ပြန်လည်ကောင်းမွန်လာခြင်းမရှိကြောင်း တွေ့ရှိခဲ့သည်။

သုတေသီများ၏ ခန့်မှန်းချက်အရ လူနာများ၏ ၅ ဒသမ ၆ ရာခိုင်နှုန်းတွင် အနံ့ပျောက်ခြင်းနှင့် ၄ ဒသမ ၄ ရာခိုင်နှုန်းသည် ၎င်းတို့၏ အရသာအာရုံကို အပြည့်အဝပြန်မရနိုင်သေးကြောင်း ခန့်မှန်းထားသည်။ကိုဗစ်ကူးစက်ခံရပြီး နှစ်နှစ်ကျော်ကြာသည်အထိ သူ၏အနံ့ခံအာရုံ ပြန်ကောင်းလာခြင်းမရှိကြောင်း အမျိုးသမီးတစ်ဦးကလည်း သုတေသီများအားပြောကြားခဲ့သည်။

လူနာအများစုသည် ရောဂါကူးစက်ခံရပြီး ပထမသုံးလအတွင်း ၎င်းတို့၏အနံ့နှင့် အရသာ ပြန်လည်ကောင်းမွန်သင့်သော်လည်း၊ အများစုသောလူနာများသည် လက္ခဏာပြပြခြင်း ကို အချိန်မှီစမ်းသပ်ဖော်ထုတ်ကာ ရေရှည်မကုသပါက ခန္ဓာကိုယ်ချို့ယွင်းမှုများလည်းဖြစ်ပေါ်လာနိုင်သည်။

အင်ပီရီးယဲလ်ကောလိပ်လန်ဒန်မှ ခုခံအား ပညာရှင်ဒန်နီအော့မန်း ကမူ သုတေသနတွင် မပါဝင်သော်လည်း ယခုလေ့လာမှုသည် အရေးကြီးသော လေ့လာမှုတစ်ခုဖြစ်ကြောင်းပြောကြားခဲ့သည်။သုတေသနပြုချက်များအရ အမျိုးသမီးများသည် အမျိုးသားများထက် အဆိုပါအာရုံခံစားမှုများ ပြန်လည်ရရှိရန် အလားအလာနည်းကြောင်းလည်း တွေ့ရှိခဲ့သည်။

ထိုသို့ဖြစ်ခြင်း၏ ကွာဟမှုအကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း သုတေသီများက အမျိုးသမီးများသည် မူလက အနံ့နှင့်အရသာအာရုံ ပိုကောင်းလေ့ရှိပြီး ကိုဗစ်ကူးစက်ခံရပြီးပါက အဆိုပါအာရုံများဆုံးရှုံးနိုင်မှု အမျိုးသားများထက်ပိုများသည်ဟု သုတေသီများကဆိုသည်။

ဒေတာများတွင် မည်သည့်ကိုဗစ်အမျိုးအစားကွဲက ထိုသို့ဖြစ်စေသည်ကို မဖော်ပြထားသော်လည်း ယခင်သုတေသနပြုချက်များအရ မကြာသေးမီကဖြစ်‌နေသည့် အိုမီခရွန်မျိုးကွဲများသည် အနံ့အရသာဆုံးရှုံးရန် အလားအလာနည်းပါးကြောင်း ဖော်ပြထားသည်။

Source – AFP/jo


LEAVE A REPLY

Please enter your comment!
Please enter your name here