တရုတ်နှင့် ယှဉ်ပြိုင်ရေးအတွက် အီလက်ထရွန်းနစ် CHIP များတိုးမြှင့်ထုတ်လုပ်ရောင်းချရန် ဥပဒေ အမေရိကန်လွှတ်တော် အတည်ပြု

0
228

တရုတ်နှင့် ယှဉ်ပြိုင်ရေးအတွက် အီလက်ထရွန်းနစ် CHIP များတိုးမြှင့်ထုတ်လုပ်ရောင်းချရန် ဥပဒေ အမေရိကန်လွှတ်တော် အတည်ပြု

တရုတ်နိုင်ငံနှင့် ယှဉ်ပြိုင်ရန်အတွက် အမေရိကန်မှ အီလက်ထရွန်းနစ် CHIP များကို စက်ရုံများမှတိုးမြှင့်ထုတ်လုပ်ရောင်းချရန်နှင့်၊ ပြည်တွင်း၀ယ် ကားများ၊ လက်နက်များ၊ အ၀တ်လျှော်စက်များ၊ ဗီဒီယိုဂိမ်းများနှင့် အခြား အီလက်ထရွန်းနစ်ပစ္စည်းများပြုလုပ်ရာတွင် CHIP များ အမြဲလိုလိုပြတ်လပ်နေမှုကို လျှော့ချရန် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က အတည်ပြုပေးခဲ့သည်။

အထက်လွှတ်တော်က ထောက်ခံ ၆၄ မဲ၊ ကန့်ကွက် ၃၃ မဲဖြင့် အတည်ပြုခဲ့ပြီးနောက် ကြာသပတေးနေ့တွင် အောက်လွှတ်တော်ကလည်း အတည်ပြုခဲ့ကာ၊ ယင်းဥပဒေကြမ်းကို သမ္မတ ဂျိူးဘိုင်ဒင်က တရား၀င်လက်မှတ်ရေးထိုးရန်အတွက် အိမ်ဖြူတော်သို့ ပေးပို့ထားသည်။

ယင်းသည် စာမျက်နှာ ၁၀၅၄ မျက်နှာရှိသော “CHIPS Act of 2022″ဖြစ်ပြီး၊ လက်ရှိဗားရှင်းတွင် ပါ၀င်သည့် အမျိုးသားသိပ္ပံဖောင်ဒေးရှင်းနှင့် စွမ်းအင်သိပ္ပံရုံးတို့အတွက် ရန်ပုံငွေခွင့်ပြုချက်များလည်း ပါ၀င်သည်။

အဆိုပါ ဥပဒေကြမ်း၏ ပထမဗားရှင်းသည် လွန်ခဲ့သည့် ၁နှစ်ကျော်က အထက်လွှတ်တော်မှ အတည်ပြုခဲ့သော်လည်း အောက်လွှတ်တော်တွင် ရပ်တန့်သွားခဲ့သည်။

သမ္မတ ဂျိုးဘိုင်ဒင်က ယင်းဥပဒေကြမ်းကို လာမည့် သီတင်းပတ်အစောပိုင်းတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားကြောင်း သိရသည်။

Ref: U.S. Congress passes long-awaited bill to boost chipmakers, compete with China(Reuters)


LEAVE A REPLY

Please enter your comment!
Please enter your name here