EU က ရုရှားထံမှ ဓာတ်ငွေ့များကုန်သွယ်မှုကို ပိတ်ပင်ရန် မဖြစ်နိုင်ကြောင်း သြစတြီးယား အဓိပတိပြောကြား

0
256

EU က ရုရှားထံမှ ဓာတ်ငွေ့များကုန်သွယ်မှုကို ပိတ်ပင်ရန် မဖြစ်နိုင်ကြောင်း သြစတြီးယား အဓိပတိပြောကြား

ဥရောပသမဂ္ဂနိုင်ငံများအနေဖြင့် ရုရှားထံမှ ဓာတ်ငွေ့များအပေါ် အထူးမှီခိုနေရသဖြင့် ယင်းတိုကို ကုန်သွယ်၀ယ်ယူမှုအား ပိတ်ပင်ရန် မဖြစ်နိုင်ကြောင်း သြစတြီးယားနိုင်ငံ အဓိပတိ Karl Nehammer ကပြောကြားလိုက်သည်။

ဗီယင်နာမြိုသို့ရောက်ရှိနေသော ဟန်ဂေရီနိုင်ငံ၀န်ကြီးချုပ် Viktor Orban နှင့် ကြာသပတေးနေ့က တွေ့ဆုံဆွေးနွေးမှုအပြီးတွင် သူကထိုသို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သြစတြီးယားအခြေစိုက် APA သတင်းဌာန၏ အဆိုအရ ဂျာမနီနှင့် သြစတြီးယားတို့၏ ရုရှားဓာတ်ငွေ့အပေါ်မှီခိုနေရမှုသည် ယင်းတို့ကို ဥရောပသမဂ္ဂက ပိတ်ပင်မှုကို မဖြစ်နိုင်စေခြင်းဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ခုတွင်Karl Nehammer ကပြောကြားခဲ့ပြီး၊ ဂျာမနီနိုင်ငံ၏ စီးပွားရေးကျဆင်းမှုသည် သြစတြီးယားနိုင်ငံအပေါ် သက်ရောက်မှုများစွာရှိကာ အလုပ်လက်မဲ့များစွာကိုလည်းဖြစ်ပေါ်စေနိုင်သည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here